DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်တောင်ပိုင်းမှပို့သည့် ကျပ်သန်း ၃,၀၀၀ ဖိုးခန့် စိတ်ကြွဆေးများ ကလေးမြို့နယ်တွင် ဖမ်းမိ
DVB
·
August 30, 2026
Photo : CCDAC MYANMAR
Photo : CCDAC MYANMAR
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ကနေပို့လိုက်တဲ့ ငွေကျပ်သန်းပေါင်း ၃,၀၀၀ လောက် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေကို စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ဖမ်းဆီးရမိတယ်လို့ စစ်အာဏာရှင် လက်အောက်ခံ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဗဟိုအဖွဲ့က ဩဂုတ် ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတွေနဲ့ ပူးပေါင်းအဖွဲ့ဟာ ဩဂုတ် ၂၃ ရက် မနက် ၇ နာရီမှာ ကလေးမြို့နယ်၊ ချင်းတွင်းတံတားနားမှာ ဇမ်းလျန်းပုမ်း မောင်းနှင်ပြီး ဒိုးရှန်းမန်(ခ)မာန်ဗွေ့ လိုက်ပါလာတဲ့ KIA BOGON ကားကို သတင်းအရ ရပ်တန့်စစ်ဆေးရှာဖွေရာမှာ ကားပေါ်ကနေ စိတ်ကြွဆေးပြား ၉ ဒသမ ၂ သိန်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ စိတ်ကြွဆေးပြားတွေကို လက်ခံသူတွေဖြစ်တဲ့ ကလေးမြို့၊ တောင်ဖီလာရပ်ကွက်နေ ပေါင်ရှင်းတွောင်(ခ)တွမ်ပီး နဲ့ သူ့ဇနီး မဇင်လမ်မာန် တို့ရဲ့နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ ပေါင်ရှင်းတွောင်(ခ)တွမ်ပီး ကိုမတွေ့ရဘဲ မဇင်လမ်မာန် ကို ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ပါတယ်။

သူ့ရဲ့ဖော်ထုတ်ချက်အရ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်နေ ဟောက်ခန့်ခွာလ် ကို စိတ်ကြွဆေးပြား ၂ ဒသမ ၆ သိန်းနဲ့အတူ ဖမ်းဆီးရမိခဲ့တာကြောင့် ဖမ်းဆီးရမိမှုဖြစ်စဉ်ကနေ စုစုပေါင်း တန်ဖိုးငွေကျပ်သန်း ၂,၉၅၀ တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား ၁၁ ဒသမ ၈ သိန်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်တွေအရ ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြားတွေကို ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နေ ကောင်းစံ က စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ကို ပို့ဆောင်ရောင်းချပေးတာလို့ ဆိုပြီး သူ့ကိုတော့ ဖမ်းမမိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013