
စစ်ကိုင်းမြို့နယ် ရွာသစ်ကြီးစခန်းမှူးနဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတွေကို ဖေဖော်ဝါရီ ၁၁ ရက် မနက် ၈ နာရီလောက်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ရွာသစ်ကြီးရဲစခန်းမှူးနဲ့အတူ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား (၄) ဦး လိုက်ပါလာတဲ့ မာခ်တူး ကားကို People's Army to Fight Dictatorship (PAFD)နှင့် PAFDတပ်ခွဲDK PDF-MMU တို့က ရွာသစ်ကြီးကျေးရွာနှင့် နတ်ခရိုင်ရွာကြားမှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့ တပ်ဖွဲ့(PAFD)ရဲ့ ဗဟိုအလုပ်အမှုဆောင်တဦးက “ကားသမား တယောက်ပဲ ကျန်တော့တာ။ အော်တို သေနတ် ၂ လက်ပါတာ ၂ လက်လုံး ဂျန့်ဖြစ်သွားတယ်။ ဒါ့ကြောင့် လက်နက်တွေမရခဲ့ဘူး။ ကားသမားက လှည့်ပြီး စခန်းကို ပြန်သွား တယ်။ သေဆုံးဒဏ်ရာရတော့ ရှိတယ်။”
မြေပြင်တော်လှန်ရေးအဖွဲ့တွေအနေနဲ့ တော်လှန်ရေးကာလ ၂ နှစ်နီးပါးအထိ ရှိလာပေမဲ့ လက်နက်ခဲယမ်း မပြည့်စုံမှုတွေ ရှိနေဆဲလို့ သိရပါတယ်။