DVB Logo
Home
မြန်မာသတင်း
ဘီးလင်းတွင် လက်နက်ကြီး ထိမှန်သဖြင့် ကိုရင် ၁ ပါးအပါအဝင် ၄ ဦး ဒဏ်ရာရ
DVB
·
February 12, 2023
ဘီးလင်းတွင် လက်နက်ကြီး ထိမှန်သဖြင့် ကိုရင် ၁ ပါးအပါအဝင် ၄ ဦး ဒဏ်ရာရ
1 / 4
Donate to DVB

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မိကျောင်းအိုင်ကျေးရွာထဲကို မနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညက စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကိုရင်တပါး အပါအဝင် ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဆက်ရေးရာကြီးကြပ်ကွပ်ကွဲမှု ကော်မတီကနေ သိရပါတယ်။

အဲဒီနေ့ ည ၁၀ နာရီအချိန်လောက်မှာ သထုံမြို့နယ် အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ - ၉ တပ်ရင်းကနေ တိုက်ပွဲ မရှိဘဲ မိကျောင်းအိုင်ကျေးရွာထဲကို လက်နက်ကြီး ၅ လုံးထက်မနည်း ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ မိကျောင်းအိုင်ကျေးရွာ ဘုန်းကြီးကျောင်းအပေါ် တည့်တည့် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဦးဇင်း ၂ ပါး၊ ကိုရင် ၁ ပါးနဲ့ ကလေး ၁ ဦး အပါအဝင် စုစုပေါင်း ၄ ဦး ဒဏ်ရာရရှိခဲ့တာပါ။

လက်နက်ကြီး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့အထဲမှာ ဦးဇင်း ၂ ပါးဟာ ဒဏ်ရာပြင်းထန်တာကြောင့် သထုံဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

“တိုက်ပွဲမှာ ရန်သူ အချင်းချင်း ဖြစ်လို့ ပစ်ရင် မပြောတော့ပါဘူး၊ အခုဟာက ရွာတွေကို သက်သက်လိုက်ပစ်နေတာ။ ဒါက လူ့အခွင့်အရေး ချိုးဖောက်မှုပဲ။  ပြီးတော့ ရမ်းကားတဲ့ အကြမ်းဖက်လုပ်ရပ်ပဲ” လို့ KNU သထုံခရိုင် မိတ်ဆက်ရေးရာကြီးကြပ်ကွပ်ကွဲမှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က ဒီဗွီဘီကို ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကလည်း မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စုစည်းမြိုင်ကျေးရွာထဲကို စစ်ကောင်စီ အမှတ်(၃၁၇) အမြောက်တပ်ကနေ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကိုရင် ၁ ပါး ပျံလွန်တော်မူခဲ့သလို အသက် ၆၀ အရွယ် ဦးဇင်းမှာလည်း လက်နက်ကြီး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တာပါ။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲမှာ အခုဖေဖော်ဝါလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၁၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU တပ်မဟာ(၁) သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013