DVB Logo
Home
မြန်မာသတင်း
ရဟတ်ယာဉ်တစီး ဖားကန့် ဗျူဟာကုန်းပေါ် လက်နက်သေတ္တာများ လာချ
DVB
·
February 11, 2023
ရဟတ်ယာဉ်တစီး ဖားကန့် ဗျူဟာကုန်းပေါ် လက်နက်သေတ္တာများ လာချ
Donate to DVB

ဖားကန့်မြို့ စစ်ကောင်စီဗျူဟာကုန်းပေါ်ကို ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ နေ့လည် ၂ နာရီ ၄၅ မိနစ်လောက် စစ်ရဟတ်ယာဥ်တစီး ဆင်းသက်ခဲ့ပြီး လက်နက်သေတ္တာတွေ လာချသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ချသွားတာတော့ သေတ္တာလိုက်ချသွားတာ။ မကြာဘူး အရမ်းမြန်တယ်။ ၅ မိနစ် တစင်းပဲ လာချသွားတာ။ ဗျူဟာကုန်းမှာ အဲလိုလာချသွားပြီးရင်တော့ နေ့တိုင်းနီးပါး လက်နက်ကြီးသံတွေ ကြားရတော့မှာ။ ဒါမှ မဟုတ်ရင်လည်း တိုက်ပွဲတွေဖြစ်ရင် လက်နက်ကြီးတွေနဲ့ ကူပစ်ပေးနေတာ။"

စစ်ကောင်စီက စစ်ရဟတ်ယာဥ်နဲ့ လက်နက်တွေ လာချပြီးနောက်ပိုင်းမှာ ဖားကန့်မြို့ ဗျူဟာကုန်းပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်သံတွေကို နေ့တိုင်းနီးပါးကြားရတယ်လို့ ဆိုပါတယ်။

လတ်တလောမှာလည်း ဖားကန့်မြို့ပေါ်မှာ စစ်ကောင်စီဘက်က လုံခြုံရေးတင်းကြပ်ထားသလို အချိန်မရွေး နေရာမရွေး စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၂၂ ရက်နေ့က ဖားကန့် လုံးခင်းရပ်ကွက်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီ စစ်သားတွေက လူငယ် ၂ ဦးကို ပစ်သတ်ခဲ့သလို အကြောင်းမဲ့ ဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူ ၈၀ ကျော်ထက်မနည်းရှိလာပြီလို့ ဖားကန့် တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက အခုလို လုံခြုံရေးတင်းကြပ်လာတာက ဖားကန့်မြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေ မကြာခဏ တိုက်ခိုက်ခံရတာကြောင့် ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ပါတယ်။

စစ်ကောင်စီက တဖက်သတ်အပစ်ရပ်တယ်ဆိုပြီး ၂၀၂၃ ခုနှစ် တနှစ်တာ အပစ်ရပ်ကြေညာခဲ့ပေမယ့် နိုင်ငံအနှံ့မှာ စစ်ကြောင်းထိုးတာတွေကတော့ ဆက်လက်လုပ်ဆောင်နေသလို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ထိတွေ့ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013