DVB Logo
Home
မြန်မာသတင်း
မြောက်ဒဂုံတွင် နေ့စဉ်အမှိုက်များ မီးရှို့နေသဖြင့် မြို့ခံများ မီးဘေး စိုးရိမ်
DVB
·
February 11, 2023
မြောက်ဒဂုံတွင် နေ့စဉ်အမှိုက်များ မီးရှို့နေသဖြင့် မြို့ခံများ မီးဘေး စိုးရိမ်
Donate to DVB

ရန်ကုန် မြောက်ဒဂုံမြို့နယ်က ရပ်ကွက်တချို့နဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ‌‌၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က‌နေ အခုချိန်ထိ အမှိုက်မီးရှို့နေလို့ မီးဘေးစိုးရိမ်နေရတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

မြောက်ဒဂုံမြို့နယ်မှာ ရပ်ကွက်ပေါင်း ၂၇ ရပ်ကွက်ရှိတဲ့အနက် ၂၉၊ ၃၀၊ ၃၁၊ ၃၂၊ ၃၃၊ ၄၂၊ ၄၄၊ ၄၆ ရပ်ကွက်တွေမှာ အမှိုက် မီးရှို့တာတွေ နေ့တိုင်းလုပ်နေတာပါ။ 

၃၀ ရပ်ကွက်နေသူ တဦးက  “ညနေ ၃ နာရီလောက်ကတည်း စရှို့ကြတာ၊ ၃၀၊ ၃၁၊ ၃၂ က တော်တော်ဆိုးတယ်။ ဒီဘက်မှာ ပတ်ပတ်လည်ကို ရှို့ကြတာ။ တချို့က အပျင်းပြေ ရှို့ နေကြသလိုပဲ။ အမှိုက်တွေ စုလိုက် ရှို့လိုက်။ တချို့ဆို ဘီယာဘူးလေးကိုင်ပြီး ဇိမ်လေးနဲ့ရှို့နေတာ။ သူတို့ မွှန်မမွှန်တော့ မသိဘူး။ ဘေးလူတွေ အတော်အသက်ရှုကြပ်တယ်။ ခေါင်းတွေပါ ကိုက်တာ။ တလမ်းကို ၃၊ ၄ အိမ်ရှို့နေကြတာ " လို့ ဆိုပါတယ်။ 

နေ့တိုင်းမီးရှို့နေတဲ့ ရပ်ကွက်တွေမှာ အမှိုက်ကန် လုံလုံလောက်လောက် မရှိတာရယ်၊ စည်ပင်အမှိုက်ကားက လာချိန်နောက်ကျတာတွေရယ်ကြောင့် ညနေနဲ့ မနက်ပိုင်းတွေမှာ မီးဖိုချောင်သုံးနဲ့ သစ်ရွက်ခြောက်တွေကို မီးရှို့ပြီး အခုလို ဖြေရှင်းနေတာလို့ သိရပါတယ်။ 

မြို့ခံ တဦးက  "လူနေအိမ်တွေတင် မဟုတ်ဘူး။ ဘုန်းကြီးကျောင်းတွေက မနက် မရှို့ရင် ညနေဆို ပုံမှန်ပဲ။ လေက ဝှေ့လာရင် အိမ်တံခါးတွေပါ ပိတ်ထားရတယ်။ အသက်ရှုလို့ကို မရဘူး။ တချို့အိမ်ဆို ပလတ်စတစ်အိတ်တွေပါ ထည့်ရှို့တာ။ သူတို့ သွားပြောရင် စည်ပင်ကား မလာလို့ ရှို့တာ။ အမှိုက်လှည်း မမီလိုက်လို့ ပြောတယ်။  တနေ့တနေ့ မီးဘေးပဲ စိုးရိမ်နေရတယ်"လို့ ပြောပါတယ်။ 

အမှိုက်မီးရှို့သူတွေကို ရပ်ကွက်ရုံးတွေဆီ တိုင်ကြားပေမဲ့ တားဆီးပေးတာမျိူး မရှိဘူးလို့ သိရပြီး မီးသတ်ဌာနကတရားဝင် ညွှန်ကြားချက် မရှိသေးလို့ အိမ်တွေမှာ ရေအိတ်၊ သဲပုံး ဆောင်ထားဖို့ သာ ပြောတယ်လို့ သိရပါတယ်။ 

မြောက်ဒဂုံမြို့နယ် ၃၀  ရပ်ကွက်၊ သခင်ဘစိန်လမ်းမှာ ဖေဖော်ဝါရီ ၆ ရက်က မီးလောင်လို့ ဈေးဆိုင်ခန်း ၅ ခန်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013