
နေအိမ်ကနေ ၂ ရက်အကြာ ပျောက်ဆုံးနေခဲ့တဲ့ ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ၃၉ ရပ်ကွက်၊ သစ္စာ ၄ လမ်းမှာနေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် ၆ တန်းကျောင်းသားလေးကို ဇွန် ၁၀ ရက် မနက် ၆ နာရီက အသတ်ခံထားရတဲ့ အနေအထားနဲ့အလောင်းကို ပြန်တွေခဲ့တယ်လို့ မြိုခံတွေဆီက သိရ ပါတယ်။
ဒီကနေ့ မနက် ၆ နာရီက မြောက်ဒဂုံမြိုနယ် ၃၈ ရပ်ကွက်၊ ကန်ဘောင်မှာ ဒဏ်ရာတွေနဲ့သေဆုံး နေတဲ့ ၆ တန်းကျောင်းသား မောင်မင်းခန့်ဇော်ရဲ့ အလောင်းကို ပြန်တွေခဲ့တာလို့ ရပ်ကွက်နေသူ တယောက်က ပြောပါတယ်။
"ဇွန် ၈ ရက်နေ့က ကျောင်းကပြန်လာပြီး ညနေ ၄ နာရီ အိမ်ကထွက်သွားတယ်၊ အဲ့ဒီကတည်းက ကလေးက ပျောက်သွားတာ၊ မိဘတွေကိုယ်တိုင်လည်း လူမှုကွန်ရက်မှာ ကလေးပျောက်လို့ အ ကူအညီတောင်းထားတယ်။ ခုလိုအသတ်ခံရတဲ့ အနေအထားနဲ့ ပြန်တွေ့တော့၊ မိဘတွေ ရင်ကျိုးတာပေါ့ဗျာ။”
လူမှုကွန်ရက်ပေါ်က မိသားစုဝင်တယောက်က "ကျနော့်တူလေး အနေအေးအေးလေးကိုမှ ဘယ်လို လူမျိုးတွေက ရက်ရက်စက်စက်လုပ်ရက်လိုက်ကြတာလဲဗျာ။ ငါ့တူလေးရယ် မင့်အဖြစ်ကလည်း ဆိုးလိုက်တာကွာ။ ဘဝဆက်တိုင်းမှာ ခုလို အဖြစ်ဆိုးမျိုးမကြုံရပါစေနဲ့ကွာ။ ကျနော့် တူလေး ဒီမနက် ၆ နာရီ မြောက်ဒဂုံ ၃၈ ရပ်ကွက် ကန်ဘောင်မှာ dead ဘော်ဒီတွေ့ရှိခဲ့ ပါတယ်။ စစ်ဆေးဖို့ တွက် မြောက်ဥက္ကလာဆေးရုံကြီးသို့ သယ်ဆောင်သွားခဲ့ပါတယ်။ မျက်နှာကလည်း ဖောယောင် နေပြီး ဒဏ်ရာတွေလည်း တွေ့ရှိထားပါတယ်" လို့ ရေးတင်ထားပါတယ်။
သေဆုံးသူ မောင်မင်းခန့်ဇော်မှာ အသက် ၁၃ နှစ်သာရှိပြီး Grade 6 အတန်းတက်နေသူ ဖြစ်ကာ ဇွန် ၈ ရက်က ကျောင်းကနေ ပြန်လာပြီး ညနေ ၄ နာရီမှာ နေအိမ်ကနေ ထွက်သွားရာ ပြန်မလာလို့ သူသွားတတ်တဲ့ နေရာတွေကို မိသားစုဝင်တွေက တညလုံးလိုက်လံရှာခဲ့ပေမဲ့ မတွေ့လို့ ပျောက်ဆုံး ကြောင်း လူမှုကွနရက်မှာ အကူအညီတောင်းခဲ့ပါတယ်။
၆ တန်းကျောင်းသား မောင်မင်းခန့်ဇော် အသတ်ခံရမှုနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီး အရေးယူ ပေးဖို့ လူမှုကွန်ရက်မှာ တောင်းဆိုမှုတွေ မြင့်တက်နေပါတယ်။











