DVB Logo
Home
မြန်မာသတင်း
တာချီလိတ်တွင် ၅ ထပ်တိုက် မီးလောင်ပြီး ကျပ်သိန်း ၅၀၀၀ ကျော် ဆုံးရှုံး
DVB
·
February 11, 2023
တာချီလိတ်တွင်  ၅ ထပ်တိုက် မီးလောင်ပြီး ကျပ်သိန်း ၅၀၀၀ ကျော် ဆုံးရှုံး
Donate to DVB

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း (က) ရပ်ကွက်၊ ပုံလို့လမ်းရှိ လူနေ ၅ ထပ်တိုက်တစ်လုံးမှာ ဖေဖော်ဝါရီ ၁၁ ရက်  ဒီနေ့မနက် ၄ နာရီက မီးစတင်လောင်ကျွမ်းခဲ့လို့ အဆောက်အအုံ တခုလုံးအပါအဝင် ပျက်စီးဆုံးရှုံးမှု ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၅၀၀၀ ကျော်ရှိတယ်လို့ တာချီလိတ်အခြေစိုက် လူမှုကူညီရေးအသင်းဆီက သိရပါတယ်။ 

ဦးလှမိုးတာချီလိတ်လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက "၅ ထပ်က အကုန်လုံးလိုလို လောင်သွားတာ။ လူထိခိုက်မှုတော့ မရှိပါဘူး။ မီးလောင်တော့ အဲ့တိုက်က လူတွေလည်း ထွက် ပြေးကုန်ကြပြီ။ တိုက်ကလည်း တိုက်အသစ်ဆိုတော့ လူလည်း သိပ်မရှိကြပါဘူး၊။ မြို့နယ်မီးသတ်က မီးငြှိမ်းလိုက်တာ မိနစ် ၄၀ လောက်တော့ ကြာမှ မီးထိန်းနိုင်တယ်။ ဘာလို့လောင်လဲတော့ စုံစမ်းနေတုန်းပါပဲ" လို့ ပြောပါတယ်။

ဒီကနေ့မနက် မီးလောင်ကျွမ်းခဲ့တဲ့ ၅ ထပ်အဆောက်အဦဟာ တိုက်အသစ်ဖြစ်တဲ့အပြင် လူ ၅ ဦးသာနေထိုင်တယ်လို့ သိရပြီး   ဘယ်အထပ်က စတင်လောင်ကျွမ်းသလဲဆိုတာနဲ့ ဘာကြောင့်လောင်ကျွမ်းသလဲဆိုတာတော့ မသိရသေးပါဘူး။ 

မီးလောင်မှုကို တာချီလိတ်မြို့နယ်မီးသတ်ရေယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၂ စီးနဲ့ ဦးလှမိုးလူမှုကူညီရေးအသင်းတို့က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြတာမှာ မနက် ၄ နာရီ ၄၅ မိနစ်မှာ မီးထိန်းနိုင်ခဲ့ကာ မနက် ၆ နာရီမှာ မီးငြိမ်းသွားပါတယ်။

တာချီလိတ် ဆန်ဆိုင်း( က) ရပ်ကွက်၊ ပုံလို့လမ်းရှိ GGH ဘားတစ်ခုမှာ ၂၀၂၂ ခုနှစ်တုန်းကလည်း  မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ဖူးပါတယ်။ 

ဓာတ်ပုံ ( ဦးလှမိုးလူမှုကူညီရေးအသင်း၊ MFSD )

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013