DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင်း စီးပွားရေးလုပ်ကိုင်ရသည့် အခက်အခဲများကို ဥရောပကုန်သည်ကြီးများအသင်း တင်ပြ
DVB
·
February 10, 2023
မြန်မာနိုင်ငံတွင်း စီးပွားရေးလုပ်ကိုင်ရသည့် အခက်အခဲများကို ဥရောပကုန်သည်ကြီးများအသင်း တင်ပြ
Donate to DVB

မြန်မာနိုင်ငံအခြေစိုက် ဥရောပကုန်သည်ကြီးများအသင်း EuroCham Myanmar က ပြည်တွင်းမှာ ဥရောပ စီးပွားရေးလုပ်ငန်းတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ထံ တင်ပြခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအခြေစိုက် Euro Chamber of Commerce in Myanmar က CEO ဖြစ်သူ Ms. Karina Ufert နဲ့ အဖွဲ့ဝင်တွေက စီးပွားရေးဆိုင်ရာ အခြေအနေတွေ၊ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး ကုန်သည်စက်မှုအသင်းချုပ် တာဝန်ရှိသူတွေထံ လာရောက်တွေ့ဆုံ ဆွေး‌နွေးခဲ့တာလို့ သိရပါတယ်။

ဥရောပစီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံတွင်း စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာမှာ အဓိက အခက်အခဲတွေအနေနဲ့ ဘဏ်ကိစ္စရပ်တွေ၊ မူဝါဒရေးရာ ပြောင်းလဲမှုတွေနဲ့ လျှပ်စစ်မီး မတည်ငြိမ်မှုတွေဖြစ်ကြောင်း EuroCham Myanmar က တင်ပြဆွေး‌‌‌‌နွေးခဲ့တယ်လို့ UMFCCI က ဆိုပါတယ်။

ဒါ့အပြင် ပြည်ပကနေ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြင့်ဝင်ရောက်လာဖို့ သွင်းကုန်လိုင်စင်တွေ ဖြေလျှော့ပေးရေး၊ တရားမဝင်ကုန်သွယ်မှုတွေကို ထိရောက်စွာ ကာကွယ်ပေးစေရေးနဲ့ ဗီဇာသက်တမ်းတိုးမြှင့်ရေး၊ မှန်ကန်တိကျတဲ့ သတင်းထုတ်ပြန်ချက်တွေ ရရှိရေး စတဲ့အချက်တွေကို တင်ပြဆွေး‌‌နွေးခဲ့တယ်လို့ ဆိုပါတယ်။

ကုန်သည်စက်မှုအသင်းချုပ်အနေနဲ့ အဲဒီတင်ပြချက်တွေ အပါအဝင် လုပ်ငန်းကဏ္ဍ အသီးသီးမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မြန်မာနိုင်ငံမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ တိုးမြင့်စေဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ လုပ်ငန်းကော်မတီတွေဆီ တင်ပြပေးသွားမယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ရရှိရေးအတွက်လည်း အသင်းချုပ်က ဆောင်ရွက်ပေးသွားမယ်လို့ ပြန်လည်ဆွေးနွေးခဲ့ကြောင်း ဆိုပါတယ်။

EuroCham Myanmar ဟာ မြန်မာနိုင်ငံမှာရှိတဲ့ ဥရောပစီးပွားရေးလုပ်ငန်းတွေရဲ့ ကိုယ်စားပြုအဖွဲ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဆောင်ရွက်နေတဲ့ အသင်းဝင် ကုမ္ပဏီပေါင်း ၁၂၀ ကျော်ရှိပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ နှောင်းပိုင်းကလည်း မြန်မာနိုင်ငံအခြေစိုက် ကိုရီးယားကုန်သည်ကြီးများ အသင်းက မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေကြတဲ့ ကိုရီးယားလုပ်ငန်းရှင်တွေ အတွက် ဗီဇာရရှိရေး၊ သွင်းကုန်၊ ပို့ကုန်လိုင်စင် ကန့်သတ်မှုတွေ ဖြေလျေှာ့ပေးရေးနဲ့ စီးပွားရေးလုပ်ကိုင်ရာမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ လျှပ်စစ်မီးအခက်အခဲ၊ ဒေါ်လာငွေလဲလှယ်မှုနှုန်းနဲ့ ဈေးကွက်အခက်အခဲတွေ အကြောင်းကို လာရောက် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013