DVB Logo
Home
မြန်မာသတင်း
မဲဆောက်ရောက် မြန်မာ-မွတ်စလင်မိသားစုများကို ရွှေဝါရောင်ဆရာတော်က ရိက္ခာထောက်ပံ့ကူညီ
DVB
·
February 10, 2023
မဲဆောက်ရောက် မြန်မာ-မွတ်စလင်မိသားစုများကို ရွှေဝါရောင်ဆရာတော်က ရိက္ခာထောက်ပံ့ကူညီ
1 / 5
Donate to DVB

မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ရောက်ရှိနေတဲ့ အစ္စလာမ်ဘာသာဝင်မြန်မာတွေကို နော်ဝေနိုင်ငံက ရောက်ရှိလာတဲ့ ရွှေဝါရောင်ဆရာတော် အရှင်ထာဝရက ဖေဖော်ဝါရီ ၁၀ ရက်မှာ ဆန်နဲ့ ရိက္ခာအစားအစာတွေ ကူညီထောက်ပံ့ခဲ့ပါတယ်။

ဆရာတော်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၅ ရက်နေတုန်းကလည်း မဲဆောက်မှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားအားလုံးနဲ့ တွေ့ဆုံပြီး လတ်တလော နိုင်ငံရေးဆွေးနွေးပွဲတခု ကျင်းပခဲ့ပါတယ်။

ဆရာတော် အရှင်ထာ၀ရက “ခေတ်အဆက်ဆက်က မြန်မာနိုင်ငံရဲ့သမိုင်းမှာ အစ္စလာမ်ဘာသာဝင်တွေက တတ်နိုင်တဲ့ဘက်က ပါဝင်ခဲ့ကြတာပါ၊ သူတို့မှာဆုံးရှုံးမှုတွေလည်း များစွာရှိခဲ့ပါတယ်။ အဲ့ဒီအထဲမှာ ဆရာဦးကိုနီလို လူမျိုးတယောက် ဆုံးရှုံးခဲ့ရတာက တိုင်းပြည်အတွက် များစွာနစ်နာခဲ့ရပါတယ်။ အခုလည်းသူတို့ကိုအားပေးချင်လို့ သူတို့နဲ့ အတူတူရှိတယ် ဆိုတာကို ပြသချင်လို့၊ အဓိက က မေတ္တာပေးချင်လို့ အခုလိုတွေ့ဆုံပွဲလေးလုပ်ပြီး သူတို့အတွက်လိုအပ်မယ်ထင်တဲ့ စားသောက်စရာလေးတွေပါ လက်ဆောင်အနေနဲ့ ချစ်ခြင်းအားဖြင့် ပေးကမ်းတဲ့ပွဲလေးတခုလုပ်ဖြစ်ခဲ့တာ”လို့ မိန့်ပါတယ်။

နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်က ဦးထွန်းကြည်က “အခုက မေတ္တာအခြေပြုမျှဝေမှု အစီအစဉ်နဲ့ ဒီကိုရောက်နေပြီး စားဝတ်နေရေး ခက်ခဲတဲ့ အစ္စလာမ်ဘာသာဝင်တွေကို တွေ့ဆုံကူညီချင်တယ်ဆိုတာကြောင့် ဒီမှာရှိနေတဲ့ အစ္စလာမ်ဘာသာဝင်တွေကို ဒီနေ့ စုပေးလိုက်တာပါ။ သူက ရွှေ၀ါရောင်တော်လှန်ရေးကတည်းက အာဏာရှင်ကို တော်လှန်ခဲ့ပြီး ထောင်ကျခဲ့တဲ့ ဘုန်းကြီးတပါးဖြစ်ပြီး အခုလည်း စစ်အာဏာရှင်ကို တော်လှန်ရင်း၊ နေလို့မရလို့ ဒီမှာ လတ်တလော ခိုလှုံနေရတဲ့၊ ခက်ခဲနေတဲ့ အစ္စလာမ်ဘာသာဝင်တွေကို ကူညီချင်တယ် ဆိုတာကြောင့် အခုလို တွေ့ဆုံပွဲလေးနဲ့ မေတ္တာအခြေပြုမျှဝေမှု အစီအစဥ်လေးကို လုပ်ပေးလိုက်တာ”လို့ ပြောပါတယ်။

စ္စလာမ်ဘာသာဝင်  မိသားစု ၇၀ အတွက် ဆရာတော်က  ဆန်၊ ဆီ၊ ဆား၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်နဲ့ စားသောက်ကုန်တချို့ ပေးဝေခဲ့သလို တက်ရောက်လာသူတွေလည်း  ဆရာတော်ကို ကျေးဇူးတင်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013