DVB Logo
Home
မြန်မာသတင်း
ထန်တလန်မြို့မရဲစခန်း သိမ်းပိုက်ခံရသဖြင့် စစ်ကောင်စီတပ်က လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်
DVB
·
February 9, 2023
ထန်တလန်မြို့မရဲစခန်း သိမ်းပိုက်ခံရသဖြင့် စစ်ကောင်စီတပ်က လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်
1 / 4
Donate to DVB

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ မြို့မ ရဲစခန်းကို ဖေဖော်ဝါရီ ၈ ရက် ည ၉ နာရီဝန်းကျင်က ချင်းအမျိုးသားတပ်မတော် CNA / CNF က ဝင်ရောက်စီးနင်းနိုင်ခဲ့ပြီး လက်နက်မျိုးစုံ  ၄၀ ကျော် သိမ်းဆည်းရမိခဲ့ပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင် ၄၀ နီးပါး အခြေချတပ်စွဲထားတဲ့ ရဲစခန်းကို ချင်းအမျိုးသား တပ်မတော် (CNA/ CNF) က နှစ်နာရီကျော်ကြာ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အခုလို သိမ်းဆည်းရမိခဲ့တာဖြစ်ပြီး  သိမ်းဆည်းရမိတဲ့ သေနတ်တွေထဲမှာ ဒရုန်းကို ပစ်ချတဲ့ အမျိုးအစားတွေလည်း ပါဝင်တယ်လို့  CNF က ဓာတ်ပုံနဲ့ တကွ ထုတ်ပြန်ထားပါတယ်။

အဲဒီလိုတိုက်ခိုက်ခံခဲ့ရပြီးတဲ့နောက် ဖေဖော်ဝါရီလ ၉ ရက်နေ့ ဒီကနေ့ မနက်ပိုင်းမှာတော့ ထန်တလန်မြို့မ ရဲစခန်းနဲ့ တဝိုက်ကို စစ်ကောင်စီက တိုက်လေယာဉ်တွေ အသုံးပြုပြီး လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့  CNF ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။ 

“သူတို့ဘက်က အကျအဆုံး လေးယောက်လောက် တွေ့တယ်။ ကျန်တဲ့ဟာတွေကတော့ တိမ်းရှောင်ကြတယ်လို့ သိရတယ်။ ကျနော်တို့ဘက်က တယောက်ကျတယ်။  တယောက် ဒဏ်ရာရတယ်။ ဒီမနက်မှာတော့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေပါတယ်။”

လက်ရှိမှာ စစ်ကောင်စီက တိုက်လေယာဉ်၅ စီး နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ် ချင်းအမျိုးသားတပ်မတော် CNA/ CNF ရဲ့ ပြန်ကြားရေး တာဝန်ခံက ဆလိုင်းထက်နီက ပြောပါတယ်၊
“မနေ့ညက ထန်တလန်မြို့ပေါ်ရဲ့ စစ်ကောင်စီအင်အား ၄၀ ကျော်ရှိတဲ့ မြို့မရဲစခန်းတခုကို ကျနော်တို့ မနေ့ည ၉ နာရီလောက်ကတည်းက ဝင်သိမ်းနိုင်ဖို့ကြိုးစားတယ် မနက်ခင်း ၁နာရီမှာတော့ ကျနော်တို့ အပြီးအစီး ဝင်ပြီးတော့ စီးနိုင်ခဲ့တယ်ပေါ့ လက်နက်က အလက်ပေါင်း ၄၀ ခန့်သိမ်းဆည်းနိုင်ခဲ့တယ်ပေါ့ အဲဒီလက်နက် ၄၀ ကိုကြည့်ပြီး ကျနော်တို့ခန့်မှန်းထားတဲ့အတိုင်း သူတို့ အင်အား ၄၀ ရှိတယ် သူတို့ဘက်က အလောင်း ၄ လောင်းတွေ့တယ်” လို့ ပြောပါတယ်၊

စစ်ကောင်စီနဲ့ အပြန်အလှန်တိုက်ခိုက်မှုကြောင့် CNF ဘက်က ရဲဘော် တဦး ကျဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့တဲ့အကြောင်း ဆလိုင်းထက်နီက “ ကျန်တဲ့စစ်ခွေးတွေကတော့ နောက်ဆုတ်သွားတယ် လွတ်သွားတယ်ပေါ့ ကျနော်တို့ ဘက်ကတော့ တစ်ယောက်ကျတယ်၊ တယောက်ဒဏ်ရာရတယ်။အဲဒီအကျိုးဆက်အားဖြင့် အခုထိတော့ တိုက်လေယာဉ် ဖိုက်တာတွေ ၅ စီးနဲ့ ဗုံးလာကြဲနေတာတွေတော့ရှိတာပေါ့နော် ဒါပေမဲ့ အထိအခိုက်တော့ မရှိဘူးပေါ့” လို့ ဆက်ပြောပါတယ်။

မြန်မာနိုင်ငံတွင်းက လက်နက်ကိုင်ခုခံမှု အားကောင်းတဲ့ မြို့နယ် ၃၇ မြို့နယ်ကို စစ်အာဏာသိမ်း နှစ်နှစ်ပြည့် ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့အထဲမှာ ချင်းပြည်နယ်ထဲက ထန်တလန်မြို့လည်း ပါဝင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013