DVB Logo
Home
မြန်မာသတင်း
မြိတ်ကျွန်းစုတွင် ပြည်တွင်းခရီးသွားများ စိတ်ဝင်စားလာသည့် Scuba diving ရေငုပ်အားကစား
DVB
·
February 8, 2023
မြိတ်ကျွန်းစုတွင် ပြည်တွင်းခရီးသွားများ စိတ်ဝင်စားလာသည့် Scuba diving ရေငုပ်အားကစား
1 / 8
Donate to DVB

မြိတ်ကျွန်းစုကိုလာတဲ့ မြန်မာပြည်တွင်းခရီးသွားတွေအနေနဲ့ Scuba diving လို့ခေါ်တဲ့ အသက်ရှူကိရိယာနဲ့ ရေငုပ်တဲ့ အားကစားကို စိတ်ဝင်စားမှုတွေရှိလာတယ်လို့ Myanmar Diving Center တာဝန်ရှိသူတဦးက ပြောပါတယ်။

Scuba diving အားကစားဟာ အရှေ့တောင်အာရှနိုင်ငံတွေမှာ ထင်ရှားတဲ့ အားကစားတခု ဖြစ်ကာ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစတင်ပြီး ခရီးသွားဧည့်သည်တွေအကြား စိတ်ဝင်စားမှုတွေ ရှိလာတာပါ။

Myanmar Diving Center မှ တာဝန်ရှိသူတဦးက “အရင်က တလကို ပျမ်းမျှ ၁၅ ယောက်ကနေ အယောက်၂၀ ကြား scuba diving နဲ့ snorkeling လုပ်ကြတယ်။ ပြီးခဲ့တဲ့နှစ် ၉ လပိုင်းကနေ ၂၀၂၃ ခုနှစ် ရာသီချိန်ထိမှာတော့ တလကို ပျမ်းမျှ ၂၅ ယောက်ကနေ အယောက် ၃၀ လောက်ထိ လာကြတယ်” လို့ ပြောပါတယ်။

အဲဒီကစားနည်းကို မြိတ်ကျွန်းစုတွေနဲ့ မြန်မာ့ကမ်းရိုးတမ်းတလျှောက်မှာ အဓိက ကစားကြပြီး ငွေဆောင်နဲ့ ညောင်ဦးဖီကျွန်းတွေမှာလည်း PADI (Professional Association of Diving Instructors) အသိအမှတ်ပြု လက်မှတ်ရရှိထားတဲ့ သင်တန်းဆရာတွေက စနစ်တကျ ဝန်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။

ပြည်တွင်းခရီးသွားတွေဟာ ဇန်နဝါရီလကနေ မတ်လအထိ ခရီးသွားအများဆုံးအချိန် ဖြစ်ပြီး မြန်မာနိုင်ငံမှာ Scuba diving အားကစားကြောင့် ရေနေသတ္တဝါအမျိုးမျိုး၊ သန္တာကျောက်တန်းတွေနဲ့ ဂေဟစနစ်ကို လေ့လာနိုင်ပြီး ပတ်ဝန်းကျင်ကို မပျက်စီးစေဖို့၊ အမှိုက်ကင်းစင်ဖို့နဲ့ သန္တာကျောက်တန်းတွေကို ထိန်းသိမ်းဖို့ သင်တန်းတွေ ပို့ချနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013