DVB Logo
Home
မြန်မာသတင်း
ရန်ကုန် သိမ်ဖြူလမ်းရှိ ဆမ်ဆောင်းအရောင်းခန်းမ မီးလောင်
DVB
·
February 8, 2023
ရန်ကုန် သိမ်ဖြူလမ်းရှိ ဆမ်ဆောင်းအရောင်းခန်းမ မီးလောင်
1 / 3
Donate to DVB

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းမ၊ သိမ်ဖြူဈေးမှတ်တိုင်အနီးမှာရှိတဲ့ ဆမ်ဆောင်းအရောင်းခန်းမမှာ ဖေဖော်ဝါရီ ၈ ရက် ဒီနေ့မနက် ၁၀ နာရီခွဲလောက်က  ဝါယာကြိုးရှော့ဖြစ်ရာက မီးလောင်ကျွမ်းခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဌာချုပ်ကနေ သိရပါတယ်။

သွားရောက်ကူညီခဲ့တဲ့ အရပ်ဘက်လူမှုကူညီရေးအသင်းကလည်း “ဖြစ်စဉ်ကတော့ သူတို့ ဝါယာရှော့ဖြစ်တယ်လို့ ပြောတယ်။ showroom က နှစ်ထပ်အဆောက်အဦပါ။ အပေါ်ထပ်ရဲ့ ထပ်ခိုးကနေ လောင်တာ။ ကျနော်တို့ရောက်ချိန်မှာ မီးခိုးပဲရှိတော့တယ်။ တာမွေမီးသတ်ဌာနနဲ့ လူမှုကူညီရေးအသင်းတွေ အချိန်မီရောက်လာပါတယ်။ အခုတော့ ရေခဲသွားအောင် မီးငြှိမ်းသတ်နေပါတယ်” လို့ ပြောပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှု ဘယ်လောက်ရှိမလဲဆိုတာ မတွက်ချက်ရသေးဘူးလို့ သိရပြီး အဆိုပါဖြစ်စဉ်နဲ့ပတ်သက်လို့ သိမ်ဖြူလမ်း ဆမ်ဆောင်းအရောင်းခန်းမကို ဆက်သွယ်မေးမြန်းပေမဲ့ ဖြေကြားခြင်းမရှိပါဘူး။

ရန်ကုန်တိုင်းအတွင်း ဖေဖော်ဝါရီ ၁ ရက်ကနေ ၈ ရက် နေ့လယ် ၁၂ နာရီအထိ မီးလောင်မှု ၁၈ မှုရှိခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက်က လောင်ကျွမ်းခဲ့တဲ့ MPT အိတ်ချိန်းရုံး အပါအဝင် ဝါယာကြိုးရှော့ဖြစ်လို့ မီးလောင်ကျွမ်းမှုဖြစ်စဉ် ၅ ကြိမ်ရှိသွားပြီလို့ မြန်မာနိုင်ငံ မီးသတ်ဌာနချုပ်ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

ဖေဖော်ဝါရီလ ၅ ရက် တစ်နေ့တည်းမှာ ရန်ကုန်တိုင်းအတွင်းက တိုက်ကြီး၊ လှည်းကူး၊ မင်္ဂလာဒုံ၊ မင်္ဂလာတောင်ညွန့်မြို့နယ်တို့မှာ မီးလောင်ကျွမ်းမှု အများဆုံးဖြစ်ခဲ့ပြီး ဖေဖော်ဝါရီလ ၃ ရက်မှာ မှော်ဘီ၊ သင်္ဃန်းကျွန်း၊ အင်းစိန်၊ ဖေဖော်ဝါရီလ ၄ ရက်မှာ ထန်းတပင်၊ ဒဂုံဆိပ် ကမ်း၊ ရွှေပြည်သာ၊ ဖေဖော်ဝါရီလ ၆ ရက်မှာ မှော်ဘီ၊ မြောက်ဒဂုံ၊ ‌အရှေ့ဒဂုံ၊ ဖေဖော်ဝါရီလ ၇ ရက်မှာ လှိုင်သာယာ၊ မရမ်းကုန်း နဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က ဗိုလ်တထောင်မြို့နယ်မှာ မီးလောင်ကျွမ်းမှု ဖြစ်ခဲ့တာပါ။

ဖေဖော်ဝါရီလ ၇ ရက်၊ မနက် ၁၀ နာရီ ၂၃ မိနစ်ခန့်က မီးလောင်ခဲ့တဲ့ ရန်ကုန်၊ ကမ္ဘာအေးဘုရားလမ်း၊ ရှစ်မိုင်မှတ်တိုင်အနီးမှာ ရှိတဲ့ MPT အိတ်ချိန်းရုံးမှာ မီးလောက်မှုဖြစ်ခဲ့ပါတယ်။

မီးလောင်မှုကို သွားရောက်ကူညီကယ်ဆယ်ခဲ့တဲ့ ပရဟိတလူငယ်များအသင်း တာဝန်ရှိသူတစ်ဦးက " ရုံးမျက်နှာကြက်ထဲကနေ ဝါယာရှော့ပဲ ဖြစ်ပါလိမ့်မယ်၊အောက်မှာ မီးမရှိဘူး၊ အပေါ်မှာပဲ မီးက၊ ကျနော်တို့ ပြန်တဲ့အထိတော့ မျက်နှာကြက်အတွင်းမှာ မီးကျန်သေးတယ်၊ မျက်နှာကြက်အတွင်းထဲမှာဆိုတော့ ငြှိမ်းရနည်းနည်းခက်တယ်၊ မီးပွားကလည်း မမြင်ရဘူး၊ မျက်နှာကြက်ကို ဖွင့်ပြီးတော့ မီးသတ်နှစ်ယောက်ကနေ ဝင်ငြှိမ်းရတဲ့ အနေအထားပါပဲ၊ တခြားအခန်းတွေထဲမှာ လောင်တာမျိုး မရှိဘူး၊ လူထိခိုက်မှုတော့ မရှိပါဘူး၊ ဖြစ်တာက လေးထပ်ရုံး အပေါ်ဆုံးထပ်၊ ထောင့်ဆုံးအခန်းမှာပါ၊ ၁၀နာရီ ၄၅ မိနစ်လောက်မှာ မီးငြိမ်းသွားပါပြီ " လို့ ပြောပါတယ်။

တစ်ပတ်အတွင်း အဆိုပါ မီးလောင်မှု ၁၆ ကြိမ်ထဲမှာ လျှပ်စစ်မီးကြိုးရှော့ဖြစ်လို့ ၄ ကြိမ်လောင်ကျွမ်း၊ မြက်ခြောက်ကနေ လောင်ကျွမ်းမှု ၆ ကြိမ်နဲ့ ပေါ့ဆမီးလောင်ကျွမ်းမှု ၄ ကြိမ်ရှိခဲ့တယ်လို့ သိရပြီး မီးဘေးကြိုတင်ကာကွယ်နိုင်ဖို့ အသိပညာပေးအစီအစဉ်တွေကိုတော့ မြန်မာနိုင်ငံမီးသတ်ဌာနချုပ်ကနေ တရားဝင်ထုတ်ပြန်အသိပညာပေးတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013