DVB Logo
Home
မြန်မာသတင်း
ပုလောတွင် တိုက်ပွဲဖြစ်ပွား၊ တနင်္သာရီစစ်ရှောင်များအတွက် ထိုင်းရောက်မြန်မာလူငယ်များ ရန်ပုံငွေရှာ
DVB
·
February 8, 2023
ပုလောတွင် တိုက်ပွဲဖြစ်ပွား၊ တနင်္သာရီစစ်ရှောင်များအတွက် ထိုင်းရောက်မြန်မာလူငယ်များ ရန်ပုံငွေရှာ
1 / 2
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ တိုကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၇ ရက် နေ့လယ် ၂ နာရီကစပြီး တိုကျေးရွာမှာ စစ်ကောင်စီတပ်နဲ့‌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား ထိတွေ့ကာ နှစ်ဖက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တိုက်ပွဲမှာ ပါဝင်တဲ့ ရဲဘော်တဦးက ပြောပါတယ်။

“တိုရွာ ဘုရားတောင်ကနေ စီးပစ်တာ၊ အဲဒီမှာ သူတို့ကလည်း အပြန်အလှန် ပြန်ပစ်တယ်၊ တိုက်ပွဲက ၁ နာရီကျော်ကြာတယ်။”

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း ထိခိုက်ကျဆုံးမှု ရှိခဲ့တယ်လို့ သိရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှာတော့ ထိခိုက်မှုမရှိကြောင်း သိရပါတယ်။

“Martial Law ထုတ်ပြီးတဲ့နောက်ပိုင်း ဒါက ပထမဆုံးတိုက်ပွဲပါ။ အပြန်အလှန်ပစ်ပြီးတော့ သူတို့ ပြန်အဆုတ်မှာ မိုင်းခွဲခံရသေးတယ်။ သူတို့တပ်သားတွေ မိုင်းထိတယ်၊ ထိခိုက်တာကတော့ အတည်ပြုရပါတယ်” လို့ မြိတ်ခရိုင် အမှတ်-၁ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

ပုလောမြို့နယ်ဟာ စစ်ကောင်စီရဲ့ Martial Law ထုတ်ခံရတဲ့ မြို့စာရင်းထဲမှာ တနင်္သာရီမြို့နယ်နဲ့အတူ ပါဝင်ပြီး လေကြောင်းအန္တရာယ် သတိပေးခံနေရတဲ့မြို့လည်း ဖြစ်တယ်လို့ သိရပါတယ်။

တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူတွေအတွက် ထိုင်းရောက် မြန်မာလူငယ်များအဖွဲ့က ၁၀၈ ကြိမ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ “အထိမ်းအမှတ်” ရန်ပုံငွေပြိုင်ပွဲအဖြစ် လာမယ့် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ ပြုလုပ်မယ်လို့ သိရပါတယ်။

အဆိုပါရန်ပုံငွေပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ခြုံဖော်မြို့ရှိ မားအမလိကွင်းမှာ ပြုလုပ်မှာဖြစ်ပြီး လာရောက်ယှဉ်ပြိုင်မယ့် အသင်း ၁၂ သင်းမှာ တနင်္သာရီ၊ မော်လမြိုင် စတဲ့ မြို့နယ်အလိုက် ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ကြောင်း ပြိုင်ပွဲစီစဥ်သူတဦးက ပြောပါတယ်။

“တနင်္သာရီဘက်မှာရှိတဲ့ စစ်ဘေးရှောင်နေရတဲ့ ပြည်သူ‌တွေအတွက် အဲ့ဒီပြိုင်ပွဲကနေ ရတဲ့ရန်ပုံငွေတွေကို ရသလောက် ကူညီထောက်ပံ့ပေးချင်လို့ပါ။ တကယ်လို့ ဘတ် ၁၀,၀၀၀ လောက်ရရင်လည်း မြန်မာပြည်မှာဆို ၁၀ သိန်းလောက် ရှိနိုင်တယ်လေ။ ဒါဆို စစ်ဘေး‌ရှောင်နေတဲ့ ပြည်သူတွေအတွက် အထောက်အကူဖြစ်တာ‌‌ပေါ့‌လေ။ ကျနော်တို့လည်း တတ်နိုင်သလောက် ပါဝင်ကူညီချင်တာပါ။”

အဆိုပါပြိုင်ပွဲမှာ ပါဝင်ယှဥ်ပြိုင်မယ့် အသင်းတွေကိုလည်း ပွဲစဉ်အလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ချီးမြှင့်သွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013