DVB Logo
Home
မြန်မာသတင်း
ရှမ်း-ကယားနယ်စပ် မိုးဗြဲ-ပီကင်းလမ်းကို ရက်အကန့်အသတ်မရှိ ယာယီပိတ်
DVB
·
February 8, 2023
ရှမ်း-ကယားနယ်စပ် မိုးဗြဲ-ပီကင်းလမ်းကို ရက်အကန့်အသတ်မရှိ ယာယီပိတ်
Donate to DVB

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နယ်စပ် မိုးဗြဲ-ပီကင်းလမ်းကို ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားလိုက်ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က  ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်တွေ  အင်အားအလုံးအရင်းနဲ့  မိုးဗြဲမြို့နေရာအနှံ့ အပြားမှာ နေရာယူထားတဲ့အပြင် တင့်ကား ၁ စီးပါ ထိုးစစ်ဆင်ပြင်ဆင်နေတဲ့အတွက် အချိန်မရွေး တိုက်ပွဲပြင်းထန်လာနိုင်တဲ့လို့ ဖေဖော်ဝါရီ ၇ ရက်ကစပြီး ဖြတ်သန်းသွားလာခွင့်ကို ယာယီပိတ်သိမ်းလိုက်ကြောင်း ထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့်  မိဘပြည်သူ ခရီးသွားဧည့်သည်တွေအနေနဲ့   မိုးဗြဲ-ပီကင်းလမ်းကို လုံးဝ ဖြတ်သန်းသွားလာတာ မလုပ်ဖို့ သတိပေးနှိုးဆော်ထားပါတယ်။

ဒါ့အပြင် မိုးဗြဲမြို့အနောက်ဘက်ရှိ ကျေးရွာတွေဆီကို စစ်ကောင်စီတပ်တွေက တင့်ကားအပါအဝင် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် မိုးဗြဲမြို့အနောက်ဘက်က ကျေးရွာတွေမှာ နေထိုင်တဲ့ မိဘပြည်သူတွေအနေနဲ့ ဘေးကင်းရာသို့ အမြန်ဆုံး ရွှေ့ပြောင်းနေထိုင်ကြဖို့လည်း သတိပေးနှိုးဆော်ထားပါတယ်။

ဒါ့အပြင် လွိုင်ကော်-ဘုရားဖြူလမ်း၊ လွိုင်ကော်-ဇရပ်ဖြူ-ဒေါတမကြီး-ဘောလခဲလမ်း၊ လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ လမ်းမကြီးတွေကိုလည်း သွားလာတာမလုပ်ဖို့ ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်က သွားလာခွင့်ကန့်သတ်ထားတဲ့အကြားက လွိုင်ကော်-ဇရပ်ဖြူ၊ ဒေါတမကြီးလမ်းကို အသုံးပြုသွားလာခဲ့တဲ့ အရပ်သားကားတစီး မိုင်းနင်းမိပြီး  ၄ ဦး ပွဲချင်းပြီးသေဆုံးက ၂ ဦး ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။

ဖယ်ခုံ၊ မိုးဗြဲအပါအဝင် ကရင်နီ(ကယား)ပြည်နယ်အတွင်း မြို့နယ်တော်တော်များများမှာ တိုက်ပွဲတွေဖြစ်ပွားနေသလို တိုက်ပွဲမရှိတဲ့ မြို့နယ်တွေမှာ လမ်းတွေပိတ်ဆို့နေတဲ့အတွက် အစားသောက်တွေ ပြတ်လပ်ပြီး ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့နေရပါတယ်။

စစ်ကောင်စီဘက်ကလည်း ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲနဲ့ ရှားတောမြို့နယ်တွေကို စစ်အုပ်ချုပ်ရေး (မာရှယ်လော) ထုတ်ပြန်ထားသလို စစ်ရှောင်စခန်းတွေကို စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် စစ်ရှောင်စခန်းတချို့ နေရာထပ်မံ ရွှေ့ပြောင်းနေရကာ ပိုမိုခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013