DVB Logo
Home
မြန်မာသတင်း
ရနောင်းမှပြန်ပို့သည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများကို ကွာရန်တင်းမဝင်စေဘဲ နေရပ်ပြန်ပို့
DVB
·
February 7, 2023
ရနောင်းမှပြန်ပို့သည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများကို ကွာရန်တင်းမဝင်စေဘဲ နေရပ်ပြန်ပို့
Donate to DVB

ထိုင်းနိုင်ငံ၊ ရနောင်းကနေ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ကို ရောက်ရှိလာတဲ့ နေရပ်ပြန် ရွှေ့ပြောင်းမြန်မာအလုပ်သမား ၆၇၀ ဦးကို စစ်ကောင်စီက ကွာရန်တင်းစင်တာမှာ မထားဘဲ သက်ဆိုင်ရာ ဒေသအသီးသီးကို ဖေဖော်ဝါရီ ၃ ရက်မှာ ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေထံက သိရပါတယ်။

အဆိုပါ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဟာ အကျဉ်းကျခံရပြီး လွတ်ရက်စေ့ကာ ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း (IDC) မှာ လပေါင်းများစွာ ရှိနေပြီဖြစ်ပေမဲ့ နေရပ်ပြန်ဖို့ ကြန့်ကြာပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေရလို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်ကစပြီး ၂ ရက်ဆက်တိုက် ဆန္ဒပြခဲ့ကြသူတွေ ဖြစ်ပါတယ်။

နေရပ်ပြန် ရွှေ့ပြောင်းမြန်မာအလုပ်သမားတဦးက “ကျနော့်ကို ဖေဖော်ဝါရီလ ၂ ရက်နေ့က စစ်သင်္ဘောနဲ့ လာခေါ်တယ်။ စစ်ကောင်စီခန့် ဝန်ကြီးချုပ် အပါအဝင် သက်ဆိုင်ရာကနေပြီး ကြိုဆိုတယ်။ ကျန်းမာရေးစစ်ပြီးတော့ ကိုယ့်ဒေသကို ပြန်ပို့ပေးခဲ့တယ်” လို့ ပြောပါတယ်။

အရင်က နေရပ်ပြန် မြန်မာအလုပ်သမားတွေကို လက်ခံပြီးတော့ ကွာရန်တင်းစင်တာမှာ ထားခဲ့ဖူးပေမဲ့ အခုတော့ မထားတော့ဘဲ ရွှေ့ပြောင်းအလုပ်သမားတွေကို သက်ဆိုင်ရာနေရာ အသီးသီးကို ပြန်ပို့လိုက်တယ်လို့ရွှေ့ပြောင်းမြန်မာအလုပ်သမား ကူညီပေးသူတဦးက ပြောပါတယ်။

အလားတူ အရင်က နေရပ်ပြန်အလုပ်သမားတွေကို ကော့သောင်းမြို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကသာ ကြိုဆိုခဲ့ပြီး အခုတခေါက်မှာတော့ စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့သလို  စစ်ကောင်စီခန့် ဝန်ကြီးချုပ်ကိုယ်တိုင် တခမ်းတနားနဲ့ ကြိုဆိုခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013