DVB Logo
Home
မြန်မာသတင်း
ဆားတောင်တိုက်ပွဲသတင်း မဟုတ်မှန်၊ မြေအောက်လျှပ်စီး ပြောက်ကျားတပ်ဖွဲ့ အမည်နှင့် သတင်းတုများဖန်တီးဖော်ပြနေဟုဆို
DVB
·
February 7, 2023
ဆားတောင်တိုက်ပွဲသတင်း မဟုတ်မှန်၊ မြေအောက်လျှပ်စီး ပြောက်ကျားတပ်ဖွဲ့ အမည်နှင့် သတင်းတုများဖန်တီးဖော်ပြနေဟုဆို
Donate to DVB

ဆားတောင်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ဟာ မဟုတ်မှန်ကြောင်းနဲ့ မြေအောက်လျှပ်စီး ပြောက်ကျားတပ်ဖွဲ့ အမည်ရှိတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတုတခု ပေါ်ထွက်နေပြီး အဆိုပါ စာမျက် နှာပေါ်ကနေ သတင်းအတု၊ ဓာတ်ပုံ မှတ်တမ်းအတုတွေ ဖန်တီးဖေါ်ပြနေတာကို တွေရှိရတယ်လို့ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအပါအဝင် မြေပြင်တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေဘက်က ၁၂ ယောက် သေဆုံးခဲ့ပြီး တော် လှန်ရေးတပ်ဖွဲ့ တွေဘက်က ဆေးတပ်ဖွဲ့ဝင် အမျိုးသမီး ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပြီး ဒါကို မီဒီယာတွေ အသီးသီးမှာ ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။

စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဖေဖော်ဝါရီ ၆ ရက်ညပိုင်း ထုတ်ပြန်ချက်မှာတော့ စစ်ကိုင်းမြို့နယ်၊ မြင်းမူမြို့နယ်၊ အရာတော်မြို့နယ်၊ ဝက်လက်မြို့နယ်အတွင်း တိုက်ပွဲအတု၊ သတင်းအတုတွေ ဖန်တီးပြီး သတင်းမီဒီယာတွေရဲ့ မြေပြင်တိုက်ပွဲတွေမှာ အချက်အလက် စိစစ်နိုင်မှုမရှိနိုင်တာတွေကို အခွင့်ကောင်းယူ အသုံးချကာ သတင်းမှားတွေ ဖြန်ဝေနေတဲ့ ဗိုလ်မုန်တိုင်းဦးဆောင်တယ်ဆိုတဲ့ မြေအောက်လျှပ်စီး ပျောက်ကျားတပ်ဖွဲ့ ‌‌FB Page ပေါ်ပေါက်နေပြီး အဆိုပါ ပေ့ချ်ကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်ကမှ စတင်ဖွင့်လှစ်ခဲ့တာကို တွေရှိရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဆိုပါ ပေ့ချ်ကနေ ဖေါ်ပြနေတဲ့သတင်းတွေကို သတင်းမီဒီယာတွေက စိစစ်မှုမရှိပဲ ကူးယူဖေါ်ပြနေနေပြီး ကိုယ်ပိုင်သတင်းတွေအဖြစ်ပုံတွေပေါ်မှာ မီဒီယာအမှတ်အသားတံဆိပ်တွေပါ ထည့်သွင်း ဖေါ်ပြနေတာတွေကိုလည်း တွေ့ရှိရပြီး မှန်ကန်မှုမရှိတဲ့ သတင်းတွေသာဖြစ်တယ်လို့ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဆိုပါတယ်။

အဲဒီပေ့ချ်က သတင်းဓါတ်ပုံတွေကို ယုတ္တိရှိစေဖို့ ရှေ့သတင်းနောက်သတင်းချိတ်ဆက်ကာ စနစ်တကျပုံဖေါ်ထားပြီး မြေပြင်မှာ အမှန်တကယ်မရှိတဲ့ ဖြစ်စဉ်တွေကို စိတ်ကူးယဉ်ပုံဖေါ် လိမ်ညာလှည့်စားထားပြီး ဒါဟာ စစ်ကောင်စီဘက်ကနေ တော်လှန်ရေးတပ်ဖွဲ့ အသွင်ယူကာ အယောင်ဆောင်ပြီးတော့ ထောက်ပို့တွေ၊ တော်လှန်ရေးရဲဘော်တွေကို ပူးသတ်ဖို့၊ ပြည်သူလူထုကို လိမ်ညာလှည့်ဖြား အလှူခံစားဖို့ လုပ်ဆောင် တာဖြစ်နိုင်တယ်လို့လည်း သုံးသပ်ထားပါတယ်။

ဒါကြောင့်မို့ မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့အနေနဲ့ အမှန်တကယ် တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါက ဘာအတွက် သတင်းတု သတင်းမှား ဖန်တီးရတယ်ဆိုတာကို ဖြေရှင်းချက်ပေးရန်လိုအပ်ပြီး စစ်ကောင်စီဘက်က အသွင်ယူထားတဲ့ အဖွဲ့အစည်းဖြစ်ရင်လည်း ဆက်သွယ်မိတဲ့ ပြည်သူလူထု၊ ထောက်ပို့တွေ၊ တော်လှန်ရေး ရဲဘော်တွေ တစုံတရာ နစ်နာဆုံးရှုံးနိုင်တာကို ကြီးစွာသတိထားသင့်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှု တွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။

မြေပြင်တိုက်ပွဲသတင်းတွေကို သတင်းမီဒီယာတွေက အားကုန်ကြိုးပမ်းဖော်ထုတ်ရယူနိုင်ရေး ကြိုးစားနေကြပေမယ့် အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုအနေနဲ့ သတင်းထောက်တွေ၊ မီဒီယာတွေကို ဖမ်းဆီး သတ်ဖြတ် ပစ်မှတ်ထား တိုက်ခိုက်နေတာမို့ တိုက်ရိုက်သတင်းရယူနိုင်ရေး အခက်အခဲတွေ ရှိနေသလို မြန်မာ့နွေဦးတော်လှန်ရေး ၂ နှစ်တာ ခရီးအတွင်းမှာ တာဝန်သိ ပြည်သူ၊ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ကြား အချိတ်အဆက်မိမိ သတင်းမှန် ရရှိဖော်ပြနိုင်ရေးအတွက်လည်း ကြိုးစားနေကြရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013