DVB Logo
Home
နိုင်ငံတကာ
ဗြိတိန်တွင် အဓိကရုဏ်းဖြစ်စေရန် သတင်းတုဖြန့်သည့် ပါကစ္စတန်အမျိုးသားကို တရားစွဲ
DVB
·
August 23, 2024
ဗြိတိန်တွင် အဓိကရုဏ်းဖြစ်စေရန် သတင်းတုဖြန့်သည့် ပါကစ္စတန်အမျိုးသားကို တရားစွဲ
Donate to DVB

ဗြိတိန်နိုင်ငံတွင်း အဓိကရုဏ်းတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ ပါကစ္စတန် အမျိုးသားတယောက်ကို လာဟိုးမြို့ အရှေ့ပိုင်းက တရားရုံးတခုမှာ သြဂုတ် ၂၂ ရက်က ရုံးထုတ်ခဲ့ပါတယ်။

ဗြိတိန်မှာ မငြိမ်မသက်ဖြစ်စေတဲ့ အွန်လိုင်း သတင်းအတုတွေ ဖြန့်ဝေမှုအတွက် ဝက်ဘ်ဆိုက် ထုတ်လွှင့်သူ ဖာဟန် အာဆစ်ဖ်ကို ဆိုက်ဘာရာဇဝတ်မှုနဲ့ စွဲချက်တင်ထားတယ်လို့ ပါကစ္စတန် ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးအေဂျင်စီ (FIA) က သြဂုတ် ၂၁ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဇူလိုင်နှောင်းပိုင်းက အင်္ဂလန်မြောက်ပိုင်း Southport မြို့မှာ မိန်းကလေး ၃ ယောက်ကို ဓားနဲ့ထိုးသတ်ခဲ့တဲ့ အမှုအတွက် မွတ်စလင် ရွှေ့ပြောင်းနေထိုင်သူတယောက်ကို မှားယွင်း အပြစ်တင်တဲ့ သတင်းအမှားတွေ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးနောက် အဓိကရုဏ်းတွေ စတင်ခဲ့တာပါ။

အာဆစ်ဖ်က သူ့ရဲ့ X ဆိုရှယ်မီဒီယာအကောင့်မှာ ဆောင်းပါးတပုဒ်တင်ခဲ့ပြီး အသတ်ခံရတဲ့ ပုံတွေကို မျှဝေခဲ့တယ်လို့ FIA က ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

သတင်းအတုတွေကို ဖြန့်တဲ့အကောင့်ကို အာဆစ်ဖ်က ပိုင်ပြီး သတင်းအတုတွေကို နိုင်ငံခြား စာနယ်ဇင်းတခုဆီ လွှဲပြောင်းပေးခဲ့တယ်လို့ အာဆစ်ဖ်က ဝန်ခံထားတယ်လို့လည်း FIA က ပြောခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013