DVB Logo
Home
မြန်မာသတင်း
တရုတ်နယ်စပ်တွင် ဖရဲ၊ သခွား အရောင်းအဝယ် ပြန်သွက်ကာ ဈေးကောင်းရနေ
DVB
·
February 6, 2023
တရုတ်နယ်စပ်တွင် ဖရဲ၊ သခွား အရောင်းအဝယ် ပြန်သွက်ကာ  ဈေးကောင်းရနေ
Donate to DVB

တရုတ်ဘက်အဝင်မှာ အကောက်ခွန် စစ်ဆေးမှု ကြန့်ကြာပြီး  မြန်မာ့ ဖရဲ၊ သခွား ပို့ကုန်ကားတွေ ရာနဲ့ချီ ပိတ်ဆို့နေခဲ့ရာက လက်ရှိမှာ လမ်းပိုင်းပြန်ပွင့်လာပြီး  အရောင်းအဝယ် ပြန်အားကောင်းလာတယ်လို့ မူဆယ်အခြေစိုက် ကုန်သည်ကြီးတွေဆီက သိရပါတယ်။

မူဆယ်အခြေစိုက် ခွာညိုသစ်သီးပွဲရုံက “ဖရဲ-သခွားတွေ အဝင်ပုံမှန်နဲ့ အရောင်းအဝယ်သွက်တဲ့ နံနက်ခင်းဈေးကွက်ပါ။ ၅ ရက်လောက် တရုတ်ဘက်အဝင် စစ်ဆေးရေးမှာ နှောင့်နှေး ကြန့်ကြာခဲ့ပါတယ်။ နှစ်နိုင်ငံ သစ်သီးကုန်စည်ဒိုင် တာဝန်ရှိသူများရဲ့ ကြိုးပမ်းမှုရလဒ် ကောင်းခဲ့ပါတယ်” လို့  ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်အကောက်ခွန် စစ်ဆေးမှုကြန့်ကြာပြီး ပိတ်ဆို့မှုတွေကြောင့် သစ်သီးပို့ ကုန်ကားတွေ တရုတ်ဘက်အဝင်မှာ ခက်ခဲခဲ့ပြီး မြန်မာဘက်မှာ ဖရဲ၊ သခွား အစီးရေ ၅၀၀ ကျော် စောင့်ဆိုင်းနေခဲ့ရပါတယ်။

မူဆယ် အခြေစိုက် လုပ်ငန်းရှင်တစ်ဦးက “တရုတ်ဘက်က အကောက်ခွန်မှာ System Up Date လုပ်နေတာကြောင့် အသီးကား တနေ့  ၂၀ ကျော် ၃၀ ပဲ ဝင်ရခဲ့ပါတယ်။ မနေ့ကစပြီး အသီးကားတွေ  ပုံမှန်ဖြစ်နေပါပြီ။ ကားအစီးရေ ၁၀၈ စီး ဝင်ရောက်သွားပါတယ်” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၅ရက်နေ့က စပြီး လမ်းပိုင်းပြန်ပွင့်သွားခဲ့ပြီးနောက်မှာ ကားအစီးရေ ၁၀၀ ကျော် ဝင်ရောက်ခဲ့ပြီး လက်တလော မြန်မာဘက်ခြမ်းမှာတော့ ကားအစီးရေ ၄၀၀ ဝန်းကျင် ကျန်ရှိနေတယ်လို့ မူဆယ် အခြေစိုက် သစ်သီးပွဲရုံတွေ ထံက သိရပါတယ်။

လတ်တလော မူဆယ် သစ်သီးဝလံဈေးကွက်မှာ  ဖရဲ၊ သခွားဈေးတွေကတော့ ဝယ်လိုအားများပြီး ရောင်းလိုအားနည်း နေတာကြောင့် ဈေးကောင်းရနေတယ်လို့လည်း သိရပါတယ်။

ဒီနေ့မှာ ၈၅၅ ဖရဲ တစ်ကီလိုကို တရုတ်ယွမ် ၃ ဒသမ ၆ယွမ် ကနေ အမြင့်ဆုံး ၄ ယွမ်၊ ထင့်ဝမ့် ဖရဲ တစ်ကီလိုကို အမြင့်ဆုံး ၃ ဒသမ ၆ ယွမ်၊ သခွား တစ်ကီလိုကို ၄ ဒသမ ၅ ယွမ်ကနေ ၅ ဒသမ ၇ ယွမ်နဲ့ အရောင်းအဝယ်သွက်နေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013