
အီရန်နိုင်ငံက ဘန်ဒါ-အီ-မာရှာရ်မြို့နားက ရေနံဓာတုစက်ရုံတရုံကို အစ္စရေးစစ်တပ်က တိုက်ခိုက်ခဲ့ တယ်လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ အက်ဖီ ဒက်ဖရင်က ဇွန် ၈ ရက်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အီရန်နိုင်ငံ အနောက်တောင်ပိုင်း ဘန်ဒါ-အီ-မာရှာရ်မြို့နားက ကရွန် ရေနံဓာတုစက်ရုံကို အစ္စရေးရဲ့ ဒုံးကျည်တစင်း ထိမှန်ခဲ့ပြီး အစိတ်အပိုင်းတချို့ ပျက်စီးသွားခဲ့တယ်လို့ ကူဇက်စတန်ပြည်နယ်ရဲ့ လုံခြုံရေးဆိုင်ရာ ဒုတိယအုပ်ချုပ်ရေးမှူးက တနင်္လာနေ့မှာ ပြောခဲ့တဲ့အကြောင်း ဖားစ်သတင်းဌာန က ထုတ်ပြန်ပါတယ်။
ဇွန် ၇ ရက် ညမှာ အီရန်ရဲ့ အစ္စရေးအပေါ် တိုက်ခိုက်မှုတွေကို အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှု အဖြစ် ဒက်ဖရင်က ဖော်ပြခဲ့ပြီး အီရန်ဟာ သူ့ကိုယ်စားလှယ်ဖြစ်တဲ့ လက်ဘနွန်နိုင်ငံထဲက ဟစ်ဇ်ဘိုလာ အကြမ်းဖက်အဖွဲ့အစည်းကို ကာကွယ်နေတာလို့ ပြောပါတယ်။
အစ္စရေးစစ်တပ်ရဲ့ သတင်းစာရှင်းလင်းပွဲထဲမှာ တိုက်လေယာဉ်တွေ ပျံတက်သွားတဲ့ ဗီဒီယိုနဲ့ ပစ်မှတ် တခုကို တိုက်ခိုက်တဲ့ လေကြောင်းဗီဒီယိုတွေကိုလည်း ပြခဲ့ပါတယ်။
ဒီဗီဒီယိုတွေကို မှတ်တမ်းတင်ခဲ့တဲ့ နေရာတွေနဲ့ ရက်စွဲတွေကို သီးခြား အတည်မပြုနိုင်သေးပါဘူး။
Source: Reuters










