DVB Logo
Home
နိုင်ငံတကာ
ဂါဇာတောင်ပိုင်းဆေးရုံကို အစ္စရေး တိုက်ခိုက်မှုအတွင်း ၅ ဦး သေဆုံး
DVB
·
November 12, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ဂါဇာတောင်ပိုင်း ခန်းယူနစ်မြို့က နက်ဆာဆေးရုံ အဆောက်အအုံတလုံးကို နိုဝင်ဘာ ၁၂ ရက် အစောပိုင်းမှာ အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ခွဲစိတ်ဆရာဝန်တယောက် အပါအဝင် အနည်းဆုံး လူ ၅ ယောက် သေဆုံးပြီး တခြား အယောက် ၂၀ ဒဏ်ရာရရှိခဲ့တယ်လို့ ဂါဇာအရပ်ဘက်ကာကွယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ရိုက်တာကို ပြောပါတယ်။

အစ္စရေးစစ်တပ်ကတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ချက်ချင်း တုံ့ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ နက်ဆာဆေးရုံက ခွဲစိတ်ကုသဆောင်ကို ထိမှန်ခဲ့တာဖြစ်ပြီး ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ခဲ့တယ်လို့ ဂါဇာဒေသ အရပ်ဘက်ကာကွယ်ရေးအဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ မာမွတ် ဘာဆယ်လ်က ပြောပါတယ်။

သေဆုံးသွားတဲ့ ခွဲစိတ်ဆရာဝန်ဟာ ရီဇစ် အဘူရှီရာ ဖြစ်တယ်လို့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေက အတည်ပြုပါတယ်။

ဂါဇာဒေသအတွင်း တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာတဲ့ အစ္စရေးကတော့ ဟားမတ်စ် အဖွဲ့ ဟာ အင်အားပြန်စုစည်းပြီး လက်နက်ခဲယမ်းတွေ ပြန်ဖြည့်တင်းဖို့ ကြိုးပမ်းနေတယ်လို့ ပြောထား ပါတယ်။ 

ဟားမတ်စ်ကလည်း သူတို့အနေနဲ့ တနှစ်သက်တမ်းရှိပြီဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လိုက်နာစောင့်ထိန်းဖို့ ကတိပြုထားပြီး အစ္စရေးကသာ ဒီသဘောတူညီချက် ပျက်ပြားအောင် လုပ်ဆောင်နေတာလို့ အပြန်အလှန် စွပ်စွဲထားပါတယ်။

ဂါဇာဒေသ ကျန်းမာရေးတာဝန်ရှိသူတွေရဲ့ အဆိုအရ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးနောက်ပိုင်း အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း အနည်းဆုံး အယောက် ၁,၆၀၀ သေဆုံးခဲ့ရပြီး၊ အစ္စရေးဘက်ကတော့ သူတို့စစ်သည် ၄ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဂါဇာအပေါ် အစ္စရေးရဲ့ ထိုးစစ်စတင်ချိန်ကစလို့ လူပေါင်း ၇၄,၀၀၀ ကျော် သေဆုံးခဲ့ရပြီလို့ ပါလက်စတိုင်းအာဏာပိုင်တွေက ပြောပါတယ်။ 

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံတောင်ပိုင်းကို ဟားမတ်စ်ဦးဆောင်တဲ့ တိုက်ခိုက်ရေးသမားတွေ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ အစ္စရေးရဲ့ စာရင်းဇယားတွေအရ လူပေါင်း ၁,၂၀၀ လောက် သေဆုံးခဲ့ပြီးနောက်မှာ အစ္စရေးက  လက်တုံ့ပြန် ထိုးစစ် စတင်ခဲ့တာ အခုထိ ဖြစ်ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013