DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ မြန်မာဒုက္ခသည်များ လွတ်မြောက်ရေး မဲဆောက်တွင် ဆန္ဒပြ
DVB
·
February 6, 2023
ဖမ်းဆီးခံ မြန်မာဒုက္ခသည်များ လွတ်မြောက်ရေး မဲဆောက်တွင် ဆန္ဒပြ
Donate to DVB

ဖမ်းဆီးထားရတဲ့ မြန်မာဒုက္ခသည်တွေကို ပြန်လွှတ်ပေးဖို့  ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ အချုပ်ထောင်ရှေ့နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးအိမ်ရှေ့မှာ ဖေဖော်ဝါရီ ၆ ရက် ဒီနေ့မနက်ပိုင်းက မြန်မာဒုက္ခသည်အရေးလှုပ်ရှားသူတွေ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

မဲဆောက်အချုပ်ထောင် ရှေ့မှာ Maesot Myanmar Refugee Voice အဖွဲ့က သွားရောက် ဆန္ဒပြခဲ့ကြတာဖြစ်ပြီး “ဖမ်းဆီးထားသော မြန်မာဒုက္ခသည်များ ပြန်လွတ်ရေး” စတဲ့ စာတန်းတွေ ကိုင်ဆောင်ပြီး အသံတိတ် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒထုတ်ဖော်ခဲ့တဲ့ Maesot Myanmar Refugee Voice မှ တာဝန်ရှိသူတဦးက “ကျနော်တို့ မြန်မာနိုင်ငံက တိမ်းရှောင်လာတဲ့ လူတချို့ကို မဲဆောက်က ရဲနဲ့ လဝက က ဖမ်းထားတာတွေရှိတယ်။ တချို့ကို အမှုလုပ်ပြီး ထောင်တောင်ချထားတယ်။ ဒါတွေကို ပြန်လွှတ်ပေးစေချင်တယ်။ နိုင်ငံရေးအရ၊ စစ်ဘေးအရ တိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေကို လူသားချင်း စာနာထောက်ထားမှုအရ သက်ညှာစေချင်တယ်။ အခုလို ဆီးဖမ်းပြီး ငွေညှစ်တာတွေ၊ လဝကအက်နဲ့ အရေးယူတာတွေ ရပ်တန့်စေချင်ပါပြီ။ ထိုင်းအစိုးရကို ဒီအတွက် တောင်းဆိုတာပါ” လို့ ပြောပါတယ်။

အလားတူ မဲဆောက်မြို့ မြို့နယ်အုပ်ချုပ်ရေးမှူးအိမ်ရှေ့မှာလည်း “မြန်မာဒုက္ခသည်များကို လေးစားအသိအမှတ်ပြုပါ” စတဲ့စာတန်းတွေ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်တာတွေကို ပြုလုပ်ခဲ့ကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာပြည်တွင်းက တိုက်ပွဲတွေနဲ့ မတရား ဖမ်းဆီးမှုတွေကြောင့် ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ထွက်ပြေးခိုလှုံလာကြတဲ့ မြန်မာဒုက္ခသည်တွေကို ထိုင်းနိုင်ငံ အာဏာပိုင်တွေက လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ဖမ်းဆီးအရေးယူမှုတွေ များပြားနေသလို အထောက်အထားမရှိတဲ့သူတွေကိုလည်း ဖမ်းဆီးပြီး ငွေကြေးတောင်းခံတာတွေ ပြုလုပ်နေတယ်လို့ ထိုင်းနိုင်ငံထဲ ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013