DVB Logo
Home
မြန်မာသတင်း
ဖက်ဒရယ်နှင့်ဒီမိုကရေစီလိုလားသော အင်အားစုများနှင့် လက်တွဲဆောင်ရွက်မည်ဟု SSPP ကြေညာ
DVB
·
February 6, 2023
ဖက်ဒရယ်နှင့်ဒီမိုကရေစီလိုလားသော အင်အားစုများနှင့် လက်တွဲဆောင်ရွက်မည်ဟု SSPP ကြေညာ
Donate to DVB

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ဖက်ဒရယ်နဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့ လက်တွဲကြိုးပမ်းဆောင်ရွက်သွားမယ်လို့  ရှမ်းပြည်တိုး တက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက် အဖွဲ့အစည်းရဲ့ နှစ်ချုပ်အစည်းအဝေးအပြီးမှာ ကြေညာလိုက်ပါတယ်။

နိုင်ငံအတွက်အလိုအပ်ဆုံးသောအရာဟာ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖြစ်ကြောင်း၊ အဲဒီအတွက် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ဖို့ရာမှာ ဖက်ဒရယ်နဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့  လက်တွဲကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိနိုင်ငံရေးအကျပ်အတည်းကို အဖြေရှာကျော်လွှားနိုင်ဖို့နဲ့ အနာဂတ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးဟာ လူတစ်စု၊ လူမျိုးတမျိုးတည်းရဲ့ မူပိုင်အ ရေးမဟုတ်ဘဲ ပြည်ထောင်စုထဲက လူမျိုးဘာသာတိုင်းရဲ့ သမိုင်းပေးတာဝန်ဖြစ်လို့ စုပေါင်းတာဝန်ယူ ဖြေရှင်းကြရမယ်လို့ ဆိုပါတယ်။

နိုင်ငံရေးမငြိမ်သက်မှု၊ စီးပွားရေးကျပ်တည်းမှု၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေကြောင့် ဆင်းရဲဒုက္ခရောက်နေတဲ့ ပြည်သူတို့ ဘဝပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းရှာ စီမံဆောင်ရွက်သွားမှာဖြစ်ပြီး မူးယစ်ဆေးဝါးနှိမ်နင်းရေးလုပ်ငန်းကို ပိုပြီး ကြပ်မတ်ဆောင်ရွက်သွားမယ်၊ လူထုအကျိုးပြု ဘက်စုံဖွံ့ဖြိုးရေးနဲ့ ဆင်းရဲသားပပျောက်ရေးလုပ်ငန်းတွေ ဆက်ပြီးဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

SSPP/SSA ရဲ့ ၂၀၂၂ ခုနှစ်တိုးချဲ့ဗဟိုကော်မတီမျက်နှာစုံညီအစည်းအဝေးကို ဇန်နဝါရီ ၁၉ ရက်မှ ဖေဖော်ဝါရီ ၁ ရက်ထိ ကျင်းပခဲ့ပြီး ကော်မတီဝင်စုစုပေါင်း ၄၆ ဦး တက်ရောက်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် စစ်အာဏာရှင်တော်လှန်ဆန့်ကျင်နေတဲ့ အင်အားစုတွေက ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးကို သွားမယ်လို့ ကြေညာထားတာဖြစ်ပြီး စစ်ကောင်စီကတော့ ဒီမိုကရေစီဖက်ဒရယ်စနစ်ကို သဘောတူတယ်လို့ ပြောထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013