DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီရွေးကောက်ပွဲ သွေးထွက်သံယိုမှုပိုများသည့် ပဋိပက္ခဆီ ဦးတည်နေဟု မွန်ပြည်သစ် ပါတီ ထုတ်ပြန်
DVB
·
February 5, 2023
စစ်ကောင်စီရွေးကောက်ပွဲ သွေးထွက်သံယိုမှုပိုများသည့် ပဋိပက္ခဆီ ဦးတည်နေဟု မွန်ပြည်သစ် ပါတီ ထုတ်ပြန်
Donate to DVB

အာဏာသိမ်း စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲဟာ ရလဒ်ကောင်း ရရှိမှာ မဟုတ်သလို သွေးထွက်သံယိုမှုပိုများတဲ့ ပဋိပက္ခဆီ ဦးတည်နေတယ်လို့ မွန်ပြည်ပါတီက ဖေဖော်ဝါရီ ၅ ရက် ဒီနေ့ကျရောက်တဲ့ ၇၆ ကြိမ်မြောက် မွန်အမျိုးသားနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီထုတ်ပြန်ကြေညာချက်မှာတော့ မွန်ပြည်သစ်ပါတီဟာ စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဆွေးနွေးခဲ့ပေမယ့် စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆုပ်ကိုင်ထားတာကြောင့် မျှော်မှန်းထားတဲ့ တိုင်းရင်းသားလူမျိုးအခွင့်အရေးရဖို့ အလှမ်းဝေးနေဆဲဖြစ်တယ်လို့ ဖော်ပြပါတယ်။

လက်ရှိနိုင်ငံရေး အခင်းအကျင်းမှာ အဖွဲ့အစည်းသစ်တွေများစွာ ပေါ်ပေါက်လာတာကြောင့် အာဏာလက်ရှိကိုင်စွဲထားတဲ့သူတွေအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုသာ ငြိမ်းချမ်းရေး ဖိတ်ခေါ်ဆွေးနွေးရုံနဲ့ လုံလောက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

တပြည်လုံးငြိမ်းချမ်းလိုတဲ့ စိတ်ဆန္ဒအမှန်တကယ်ရှိရင် ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းသစ်တွေကိုလည်း စိတ်ရှည်စွာ ဖိတ်ခေါ်ဆွေးနွေးရမှာဖြစ်ပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကိုလည်း နှစ်ဖက်စလုံးမှ လိုက်နာလက်ခံ အကောင်အထည်ဖော်ဖို့ မွန်ပြည်သစ်ပါတီက တိုက်တွန်းထားပါတယ်။

မွန်ပြည်သစ်ပါတီအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအပြောင်းအလဲကို မျက်ခြည်မပြတ် စောင့်ကြည့်သုံးသပ်ပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရေးကို ရှေးရှုဦးတည်လျက် နည်းလမ်းပေါင်းစုံနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မွန်လူထုတွေအနေနဲ့လည်း ရည်မှန်းချက်ပန်တိုင်း အမြန်ရောက်ရှိနိုင်ဖို့အတွက် ဘဝတူတိုင်းရင်းသားတွေ နဲ့ လက်တွဲချိတ်ဆက်ပြီး မိမိတို့ရဲ့ သမိုင်းပေးတာဝန်ကို ကျေပွန်အောင် တက်ညီလက်ညီကြိုးပမ်းထမ်းဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။

မွန်ပြည်သစ်ပါတီဟာ NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထားသလို စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ၃ ကြိမ်တိုင် တက်ရောက်ဆွေးနွေးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတခု ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013