DVB Logo
Home
မြန်မာသတင်း
ဝက်လက်နှင့်ထီးဆောင်းတွင် စစ်တပ်စခန်းအပါအဝင် ယာဉ်တစီးတိုက်ခိုက်ခံရပြီး အများအပြား သေဆုံး
DVB
·
February 4, 2023
ဝက်လက်နှင့်ထီးဆောင်းတွင် စစ်တပ်စခန်းအပါအဝင် ယာဉ်တစီးတိုက်ခိုက်ခံရပြီး အများအပြား သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း ဝက်လက်နယ် စိုင်နိုင်ကွေ့လမ်းဆုံကနေ ရွှေဘိုမြို့နယ်ဘက် ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သား ၂၀ ကျော်ပါတဲ့ ၁၂ ဘီးကားကို ဖေဖော်ဝါရီ ၄ ရက် မနက်မှာ ဒေသကာကွယ်ရေးတပ်တွေက ပဒေသာမိုင်း ၆ လုံးနဲ့  မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း (၂၃) နဲ့ မဟာမိတ် ပ.က.ဖအဖွဲ့တွေက ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦး တိုက်ပွ်ဖြစ်ပွားရာနေရာမှာပဲ သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

“ကားခေါင်းပိုင်းကို အထိက ခပ်ပြင်းပြင်းလေး ထိသွားတော့ ကားက ထိုးရပ်သွားတာဗျ။ အဲ့ကျမှ အပေါ်က (-) တချို့ဆင်းလာပြီး ဆက်တိုက်ဖိပစ်တော့တာပါပဲ” လို့ ရွှေဘိုခရိုင်တပ်ရင်း ၂၃ တပ်ရင်းမှူး ဗိုလ်ရန်ကြီးက ဒီဗွီဘီကို ပြောပါတယ်။

အခုတလော အာဏာသိမ်းစစ်ကောင်စီတပ်က ဝက်လက်နယ်က ကျေးရွာတွေကို ဆက်တိုက်ဆိုသလို မီးရှို့ဖျက်ဆီးကာ ဒေသခံတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိနေပြီး ဒေသကာကွယ်ရေးတပ်တွေနဲ့လည်း မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ 

ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း လှတောကျေးရွာက ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသကာကွယ်ရေးတပ်တွေက ရှေ့ထွက်မိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ တပ်သား ၃ သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ထီးဆောင်းရွာက စစ်ကောင်စီစခန်းကို  ဒေသကာကွယ်ရေးအဖွဲ့ တွေက ဖေဖော်ဝါရီ ၄ ရက် မနက် ၁ နာရီမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

စစ်ကိုင်း-မုံရွာသွား ကားလမ်းမဘေးမှာရှိတဲ့ အဲဒီစခန်းဟာ ဘန်ကာတွေ၊ ကတုတ်ကျင်းတွေနဲ့ အခိုင်အမာ တည်ဆောက်ထားတာပါ။

Zero ပြောက်ကြားတပ်ဖွဲ့ မြင်းခြံ ကိုသက်ကြီးက “စတိုက်တာက မနက် ၁ နာရီကနေ စတိုက်တာ၊ ၃ နာရီထိ တိုက်ခဲ့တယ်။ အကျအဆုံးကတော့ ၁၅ ကောင် သေဆုံးတယ်။ တချို့ ထွက်ပြေး သွားတယ်” လို့ ပြောပါတယ်။

အဲဒီစခန်းကနေ  MA-3 တလက်၊ ကျည်ဘောက်တခု၊ ၅ ဒသမ ၅၆ ကျည် ၁၈ တောင့်၊ ကာဘိုင် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကာဘိုင်ကျည် ၁၀၄ တောင့်၊ 9ball ကျည် ၇၆ တောင့်၊ Jummer  စက် ၂ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည်၊ စစ်ယူနီဖောင်း ၂ စုံ၊ စစ်ဖိနပ် ၃ ရံနဲ့ စစ်ဦးထုပ် ၃ လုံး ရလိုက်တယ်လို့ သိရပါတယ်။

ကျောက်ဆည်ခရိုင်အမှတ် ၁ တပ်ရင်း(နဂါးနီတပ်ရင်း)မှ ကိုနာဂါးက "လက်နက်ကြီး လက်နက်ငယ်တွေနဲ့ဝင်ပစ်တာ၊ ၂ နာရီကြာတယ်။ စခန်းကို သိမ်းပြီး မီးရှို့နိုင်ခဲ့တယ်။ စခန်း ကတော့ ပြာကျသွားပြီ" လို့ ပြောပါတယ်။ 

သေဆုံးတဲ့စစ်သားအလောင်း ၁၅ လောင်းကတော့ စခန်းမီးရှို့တဲ့ထဲမှာ ပါသွားတယ်လို့ ​ဆိုပါတယ်။ 

တိုက်ပွဲမှာ ပြည်သူကာကွယ်ရေးဘက်က ရဲဘော် ၂ ဦး မစိုးရိမ်ရဒဏ်ရာရခဲ့ပြီး စစ်တပ်က လက်နက်ကြီးနဲ့ ပစ်တာကြောင့် ကျေးရွာအတွင်းက နေအိမ်တွေပေါ်ကျပြီး ပြည်သူတယောက် ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝက်လက်နဲ့ ထီးဆောင်းရွာတို့မှာ တိုက်ခိုက်ခံရတာကြောင့် ထိခိုက်ကျဆုံးတဲ့အခြေအနေကို စစ်ကောင်စီ သတင်းမထုတ်ပြန်သေးသလို ဒီဗွီဘီကလည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013