DVB Logo
Home
မြန်မာသတင်း
မြန်မာ့နွေဦးတော်လှန်ရေးမှတ်တမ်းရုပ်ရှင်ပြပွဲ ထိုင်းနိုင်ငံတွင်ကျင်းပ
DVB
·
February 4, 2023
မြန်မာ့နွေဦးတော်လှန်ရေးမှတ်တမ်းရုပ်ရှင်ပြပွဲ ထိုင်းနိုင်ငံတွင်ကျင်းပ
Donate to DVB

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝန်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို စူးစမ်းလေ့လာနိုင်ဖို့နဲ့ မြန်မာပြည်အတွက်ဖြစ်စေချင်တဲ့ဆန္ဒတွေကို ထုတ်ဖော်ပြောဆိုနိုင်ကြဖို့ ရည်ရွယ်ချက်နဲ့ SEM(Spirit in education movement) နဲ့ တခြားရုပ်သံအဖွဲ့ ၉ ခုက Myanmar Flim Night 2023 ကို ဖေဖော်ဝါရီ ၁ ရက်၊ ၄ ရက်နဲ့ ၅ ရက်တွေမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ ချင်းမိုင်မြို့တွေမှာ ကျင်းပနေပါတယ်။

ပွဲစီစဉ်သူတဦးက“ film night လို့ အမည်ပေးထားပေမဲ့ စကားဝိုင်းတွေ၊ ကဗျာရွတ်တာတွေပါပါတယ်။ ထိုင်းဘက်က ပညာရှင်တွေ၊ မြန်မာဘက်က တက်ကြွလှုပ်ရှားသူတွေ ပါဝင်ပါမယ်“ လို့ ဒီဗွီဘီကိုပြောပါတယ်။ 

ဘန်ကောက်မြို့မှာ ဖေဖော်ဝါရီလ ၁ ရက်ညက ဘီလူးကတုံး၊ နိုင်ငံပျောက်သူ၊ မြန်မာဒိုင်ယာရီများ ၊The Red အမည်ရ မှတ်တမ်းရုပ်သံဇာတ်လမ်း ၄ ခုပြသခဲ့ပြီးသလို ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံမှ Performance artist အနုပညာရှင် ၂ ဦးရဲ့ တင်ဆက်မှုတွေအပြင် စကားဝိုင်းတွေ၊ ကဗျာရွတ်တာတွေ၊ မြန်မာအစားအစာတွေ ကျွေးမွေးတာ၊ ရောင်းချတာတွေ ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားအပြီးမှာလည်း တက်ရောက်လာသူတွေက Stand with Myanmar စာသားကို ဆီမီးနဲ့ ပုံဖော်ကာ မြန်မာပြည်သူတွေနဲ့တသားတည်း ရပ်တည်ကြောင်း ပြသခဲ့ပါတယ်။

အဲဒီပွဲကို ထိုင်းလူမျိုးတွေနဲ့ ထိုင်းရောက်မြန်မာနိုင်ငံသားတွေ ဦးရေ အယောက်  ၃၀၀ ဝန်းကျင်တက်ရောက်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၄ ရက်နဲ့ ၅ ရက်တွေမှာလည်း ထိုင်းနိုင်ငံချင်းမိုင်တက္ကသိုလ်မှာ Last Summer ၊ Where is my human right၊ Letter to a bird၊ XYZ and then A ၊ မြန်မာဒိုင်ယာရီများ၊ Innocent victim၊ Blank၊ Soil without land နဲ့ ဘီလူးကတုံး စတဲ့ရုပ်သံတွေကို ၂ ရက်တာပြသမှာ ဖြစ်ပါတယ်။

အဲဒီပွဲမှာလည်း ကဗျာဝိုင်း၊ စကားဝိုင်း၊ Performance art တွေပါ ထည့်သွင်းကျင်းပမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013