DVB Logo
Home
မြန်မာသတင်း
ခင်ဦးမြို့တွင် နယ်ထိန်းရဲ ၁ ဦး ပစ်သတ်ခံရ၊ ဆားလင်းကြီး၌ စစ်ကောင်စီ‌စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
February 3, 2023
ခင်ဦးမြို့တွင် နယ်ထိန်းရဲ ၁ ဦး ပစ်သတ်ခံရ၊ ဆားလင်းကြီး၌ စစ်ကောင်စီ‌စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်မှာ ဖေဖော်ဝါရီ ၃ ရက် မနက်က နယ်ထိန်းရဲတဦးကို မြို့နယ်ပကဖနဲ့ မြို့ပြပြောက်ကျား (UG) အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခံ့လို့ နေရာတင် ပွဲချင်းပြီးသေဆုံးပြီး G3 သေနတ်တလက် ရရှိခဲ့တယ်လို့ မြို့နယ်ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

ခင်ဦးမြို့တွင်းကနေ ဆိုင်ကယ်နဲ့ လမ်းမတော်တလျှောက်  မြို့မရဲစခန်းပြန်လာတဲ့ နယ်ထိန်းရဲ ထက်ဝေဇော်ကို ပြောက်ကျားနည်းနဲ့ ကြားဖြတ်စောင့်တိုက်ခိုက်ခဲ့တယ်လို့ အဲဒီတိုက်ခိုက်မှုမှာ ပါဝင်တဲ့ မြို့ပြပြောက်ကျား အဖွဲ့ဝင်တဦးက ပြောပါတယ်။

တိုက်ခိုက်မှုအပြီးမှာ လက်နက်ကိုင်နယ်ထိန်းရဲက နေရာတင် ပွဲချင်းပြီးသေဆုံးကာ G3 သေနတ် (စကရ-၁၇၄၄) တလက် ရရှိခဲ့ပြီး ရရှိခဲ့တဲ့လက်နက်ကို ရွှေဘိုခရိုင် အမှတ်-၂ ကွပ်ကဲရေးရုံးကို အပ်နှံသွားမယ်လို့ မြို့ပြပြောက်ကျား (UG) အဖွဲ့ တာဝန်ရှိသူတဦးက ဆိုပါတယ်။

ခင်ဦးမြို့နယ်အတွင်းမှာ အာဏာသိမ်းပြီး ၂ နှစ်အတွင်း စစ်ကောင်စီကြောင့် ကျဆုံး ရဲဘော်ပြည်သူပေါင်း ၂၆၄ ဦး ရှိခဲ့ပြီလို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့အဖွဲ့ စာရင်းတွေအရ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့၊ သမ္မတောရွာနဲ့ ပျော်ဖွယ်ရွာကြား ဘောလုံးကွင်းဘေးကနေ ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒီနေ့ မနက် ၁၁ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါစစ်ကြောင်းဟာ ပုလဲမြို့နယ်၊ အေးကုန်းကျေးရွာမှ ဆားလင်းကြီးမြို့နယ် ကျိုင့်ခမောက်ကျေးရွာ၊ ကံကြီးတောကျေးရွာ၊ အောင်ချမ်းသာကျေးရွာကနေ ဆားလင်းကြီးမြို့ဆီလာရင်း အခုလို မိုင်းဆွဲခံရတာလို့လည်း သိရပါတယ်။

ဆာလင်းကြီး တွေ့ရာသင်္ချိုင်းဓားမဆိုင်း ခေါင်းဆောင် ဗိုလ်စွမ်းသူ့မောင်က “စစ်ကြောင်းက အရင်အခါတိုင်း လာတဲ့အတိုင်းပဲ ထပ်ပြီး စစ်ကြောင်းထိုးလာတာကို ပဒေသာမိုင်း ၃ လုံးဆွဲ တိုက်ခိုက်ခဲ့တာဗျ။ သူတို့က ဘောလုံးကွင်းထဲကမဖြတ်ဘဲ ဘောလုံးကွင်းဘေးကနေ ကပ်လျှောက်လာတာကို မိုင်းဆွဲလိုက်တာ။ သေတဲ့(--)ကတော့ ၇ ကောင် သေဆုံးတယ်။ နောက်ထပ် (--) ၁၀ ကောင်ကျော် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်ဗျ။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိခဲ့ဘူး” လို့ ပြောပါတယ်။

အာဏာသိမ်းပြီး ၂ နှစ်အပြည့်မှာ စစ်ကောင်စီက နယ်မြေထိန်းချုပ်နိုင်ခြင်းမရှိတဲ့အတွက် စစ်အုပ်ချုပ်ရေး ထုတ်ပြန်ကြေညာခဲ့တဲ့အထဲမှာ ခင်ဦးမြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့လည်း ပါဝင်ပါတယ်။

ဆားလင်းကြီးမြို့နယ်တခုလုံးကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ပြီး နောက်တရက်မှာ အခုလို တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်တာဖြစ်တယ်လို့လည်း ဒေသခံ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013