DVB Logo
Home
မြန်မာသတင်း
PDF များ တာလီဘန်ကဲ့သို့ သတ္တိမရှိ၊ အသေခံဗုံးမခွဲဟု လုံခြုံရေးအပြည့်ယူပြီး မဘသဘုန်းကြီး ဟောပြော
DVB
·
February 3, 2023
PDF များ တာလီဘန်ကဲ့သို့ သတ္တိမရှိ၊ အသေခံဗုံးမခွဲဟု လုံခြုံရေးအပြည့်ယူပြီး မဘသဘုန်းကြီး ဟောပြော
Donate to DVB

စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေတဲ့ PDF တပ်ဖွဲ့တွေ တာလီဘန်တွေလောက် သတ္တိမရှိကြောင်းနဲ့ တစ်ကိုယ်လုံးမှာ ဗုံးတွေဆင်ပြီးတော့ အသေခံဗုံးခွဲဖူးခြင်းမရှိတဲ့ အကြောင်း မဘသဘုန်းကြီး တပါးက လက်နက်ကိုင်လုံခြုံရေးတွေ အပြည်ယူထားပြီး ကျင်းပတဲ့ တပ်ထောက်ခံပွဲမှာ ဝေဖန်ပြောကြားလိုက်ပါတယ်။ 

စစ်အာဏာသိမ်း၂ နှစ်ပြည့် ဖေဖော်ဝါရီလ ၁ ရက်က စစ်ကောင်စီထောက်ခံပွဲကို ရန်ကုန်၊ မြို့တော်ခန်းမရှေ့၊ မဟာဗန္ဓုလပန်းခြံကားရပ်နားကွင်းနေရာမှာ စစ်ကောင်စီ ရဲနဲ့ စစ်တပ်တွေ ခြံရံပြီး အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေ(မဘသအဖွဲ့ဝင်တွေ)၊ ကြံ့ခိုင်ရေးပါတီဝင်တွေ၊ အရပ်ဝတ်လဲထားတဲ့စစ်ကောင်စီတပ်သားတွေနဲ့ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) အလုပ်အမှုဆောင်ဆရာတော်တို့က ကျင်းပခဲ့တာဖြစ်ပါတယ်။ 

မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) အလုပ်အမှုဆောင်ဘုန်းကြီးက " အဲ့ဒီ PDF, CRPH , NUG လက်ဝေခံ PDFတွေကို ပြောချင်တယ်၊ မင်းတို့ကောင်တွေ သတ္တိလည်း တကယ်မရှိပါဘူး။ ဘာလို့သတ္တိမရှိလည်းဆိုတော့ မင်းတို့တာလီဘန်တွေလောက်တောင် သွေးမရှိပါဘူး၊ တာလီဘန်တွေဟာသူတို့ယုံကြည်ချက်အတွက် တစ်ကိုယ်လုံးမှာ ဗုံးတွေဆင်ပြီးတော့ အသေခံဗုံးခွဲဖူးလား၊ အဲ့ဒီ PDF ကောင်တွေ တပ်မတော် စစ်စခန်း၊ တပ်မတော်အခြေစိုက်တဲ့ လုံခြုံရေးဂိတ်တွေ ဘယ်နေရာကိုသွားပြီးတော့ အသေခံဗုံးခွဲတာရှိဖူးလဲ" လို့ ပြောကြားခဲ့ပါတယ်။

စစ်အာဏာသိမ်း ၂ နှစ်ပြည့် နိုင်ငံတဝန်း အသံတိတ်သပိတ် ကျင်းပတဲ့နေ့မှာ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တို့မှာ စစ်ကောင်စီထောက်ခံပွဲတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ရန်ကုန်မှာတော့ တောင်ဒဂုံရှိ ယောက်ကော်ပန်းခြံနဲ့ ဆူးလေစေတီတော်အနီးက မဟာဗန္ဓုပန်းခြံရှေ့မှာ ကျင်းပခဲ့တာပါ။ 

မိုက်ကယ်ကျော်မြင့်တို့ ဦးဆောင်တဲ့ စစ်ကောင်စီ ထောက်ခံပွဲကို တောင်ဒဂုံ၊ အရှေ့ဒဂုံ၊ မင်္ဂလာဒုံ၊ သာကေတမြို့နယ်တွေကနေ တမြို့နယ် အယောက် ၂၀ နှုန်းနဲ့ လူစုခဲ့ကြတာလို့သိရပြီး မိုက်ကယ်ကျော်မြင့်၊ မင်းသားကြီးစတဲ့ သူတွေက ကာလုံအစည်းအဝေးနဲ့ စစ်ကောင်စီ အစိုးရအုပ်ချုပ်တဲ့  ၂ နှစ်ပြည့်ကို ဂုဏ်ပြုထောက်ခံဟောပြောခဲ့ပါတယ်။ 

အဆိုပါ ပန်းခြံမှာ နေ့လယ် ၂ နာရီကနေ ညနေ ၄ နာရီအထိ စစ်ကောင်စီထောက်ခံပွဲ နောက်တစ်ကြိမ်ပြုလုပ်ခဲ့ပြီး ဒုတိယပွဲမှာ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ ( ရန်ကုန်) အလုပ်အမှုဆောင်ဆရာတော်ဆိုသူနဲ့ အမျိုးသားရေးရှေ့နေ ဦးအေးပိုင်တို့က PDF NUG ဆန့်ကျင်ရေးနဲ့ ရွေးကောက်ပွဲအကြောင်း ဟောပြောခဲ့တာပါ။ 

နေ့လယ် ၂ နာရီမှာ ထပ်မံပြုလုပ်ခဲ့တဲ့ စစ်ကောင်စီထောက်ခံပွဲကို လှည်းကူး၊ အင်းစိန်၊ ရွှေပြည်သာမြို့နယ်တို့ကနေ တက်ရောက်လာတဲ့ လူငယ်တချို့ကို မေးမြန်းကြည့်ရာမှာတော့ ဖုန်းဘေလ် ၃၀၀၀ စီထည့်ပေးထားပြီး ကားအပို့အကြိုနဲ့ မနက်စာ၊ နေ့လယ်စာကျွေးတယ်လို့ ပြောပါတယ်။

တပ်ထောက်ခံပွဲလုပ်နေချိန် မြို့တော်ခန်းမအပေါ်ကနေ စစ်ကောင်စီရဲ့ စနိုက်ပါတပ်သားတွေနဲ့ ဆူးလေစေတီတော်၊ ပန်းခြံတစ်ဝိုက်မှာလည်း ရဲနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ပြည့် လုံခြုံရေးယူပေးနေတာကို တွေ့ရပါတယ်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကောလင်း-ဥက္ကံလမ်းမကြီးပေါ်မှာ ဇန်နဝါရီ ၇ ရက် မနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် အမျိုးသမီး ၂ ယောက်ဟာ လက်လုပ်မိုင်းတွေ သယ်လာတုန်း အကြမ်းဖက်စစ်တပ်နဲ့ ထိပ်တိုက်တိုး စစ်ဆေးခံနေရတုန်း အသေခံ မိုင်းခွဲတိုက်ခိုက်သွား​ခဲ့တယ်လို့  Kalawlin Revolution –KR က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013