DVB Logo
Home
မြန်မာသတင်း
အင်းတော်တွင် စာရေးဆရာမ သတင်းထောက် အမျိုးသမီး ၁ ဦး ထောင် ၁ နှစ်ခွဲချမှတ်ခံရ
DVB
·
February 3, 2023
အင်းတော်တွင် စာရေးဆရာမ သတင်းထောက် အမျိုးသမီး ၁  ဦး ထောင် ၁ နှစ်ခွဲချမှတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နဘားကျေးရွာမှာနေထိုင်တဲ့ အလွတ်တန်းသတင်းထောက်၊ စာရေးဆရာမ‌ ဒေါ်ယဉ်ယဉ်သိန်းကို ဖေဖော်ဝါရီ ၁ ရက်က အင်းတော်မြို့နယ် အထူးတရားရုံးကနေ ရာဇသတ်ကြီး ပုဒ်မ-၅၀၅(က) နဲ့ အလုပ်နဲ့ထောင်ဒဏ် ၁ နှစ်ခွဲ အမိန့်ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မိသားစုနဲ့ ရင်းနှီးသူတဦးက “ဆရာမက အလွတ်တန်းသတင်းထောက်လည်း လုပ်တယ်။ သူက စာလည်းရေးတယ်။ သူရေးတဲ့စာအုပ်တွေလည်းရှိတယ်။ ၂၀၂၁ ခုနှစ်၊ နှစ်ကုန်ကာနီးမှာ အဖမ်းခံရတာ၊ ၁ နှစ်ခွဲပြည့်ဖို့ သိပ်မလိုတော့ဘူး၊ လအနည်းပဲကျန်‌တော့တယ်၊ အခုထက်ထိ အင်းတော်ရဲစခန်း အချုပ်ထဲမှာ ချုပ်ထားတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံသတင်းစာဆရာများအသင်း (MJA) အတွင်းရေးမှူးဖြစ်ပြီး အလွတ်တန်း သတင်းထောက်အဖြစ်နဲ့ သတင်းတွေရေးသားရင်း ဒေသတွင်း ပရဟိတအလုပ်တွေ လုပ်ကိုင်‌နေသူလည်း ဖြစ်တယ်လို့ သတင်းစာလောကမှ သတင်းထောက်တဦးက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013