DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်က မိုးကုတ်မြို့တွင် မီးဖြတ်ပြီး ကျပ်သိန်း ၄၀၀ တောင်း
DVB
·
February 3, 2023
စစ်ကောင်စီတပ်က မိုးကုတ်မြို့တွင် မီးဖြတ်ပြီး ကျပ်သိန်း ၄၀၀ တောင်း
Donate to DVB

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ထဲက ရေပူရပ်ကွက်နဲ့ သဖန်းပင်ရပ်ကွက်ကို ဇန်နဝါရီ ၂၆ ရက်ကစပြီး စစ်ကောင်စီက လျှပ်စစ်မီး ဖြတ်တောက်ထားကာ ကျေးရွာတရွာကို ကျပ် သိန်း ၄၀၀ တောင်းခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီရပ်ကွက်နှစ်ခုက လျှပ်စစ်မီတာခ မဆောင်တာကြောင့် အခုလို မီးဖြတ်ထားတာဖြစ်ပြီး ကျပ် သိန်း ၄၀၀ ပေးဆောင်ပြီးမှသာ လျှပ်စစ်မီးပြန်လည်ရရှိမှာ ဖြစ်တယ်လို့ ရေပူရပ်ကွက် နေထိုင်သူတဦးက ပြောပါတယ်။

အခုလို ပေးဆောင်ရမယ့် လျှပ်စစ်မီတာခက များလွန်းတဲ့အပြင် နေအိမ်တွေမှာ မီတာလိုက်လံဖတ်တာမျိုးမရှိဘဲ လူမနေတဲ့ အိမ်တွေလည်း မီတာခ ၃ သိန်းလောက် ပေးနေရကာ မီတာခတွေက အဆမတန် တောင်းနေတဲ့အတွက် ပေးဖို့မရှိဘူးလို့ ဆိုပါတယ်။

အဲဒီရပ်ကွက်တွေမှာ ရပ်ကွက်တခုကို အိမ်ခြေ ၃၀၀ ကျော်ရှိပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းကလည်း အိမ်တအိမ်ကို မီတာခ ၃ သိန်းလောက် လာရောက်တောင်းခံခဲ့သလို အခုကတော့ ဒုတိယတကြိမ်ဖြစ်ကာ မီတာခလာတောင်းတဲ့ အခါတွေမှာလည်း အီးပီစီဝန်ထမ်းတွေအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုတောင်းခံတဲ့ငွေကြေးက များလွန်းတဲ့အတွက် ရပ်ကွက်နေပြည်သူတွေက ပေးဆောင်ဖို့ အဆင်မပြေဘူးလို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013