DVB Logo
Home
မြန်မာသတင်း
ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ထပ်တိုး တရားစွဲရန်ပြင်
DVB
·
February 3, 2023
ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ထပ်တိုး တရားစွဲရန်ပြင်
Donate to DVB

စစ်ကောင်စီရဲ့ ဖမ်းဆီတာခံနေရတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) နဲ့ ထပ်မံတရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ Kachin Baptist Churches USA အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာတော် အားလေ့က ပြောပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ဒီဇင်ဘာ ၅ရက်နေ့က မန္တလေးလေဆိပ်မှာ ဖမ်းဆီးခဲ့ပြီး မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ - ၁ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) တို့နဲ့ စစ်ကောင်စီက တရားစွဲဆိုထားတာပါ။ 

ဒေါက်တာခလမ်ဆမ်ဆွန်ကို ဇန်နဝါရီ ၁၁ ရက်က မြစ်ကြီးနားအကျဉ်းထောင်အထူးတရားရုံးမှာ ပထမဆုံးအကြိမ်ရုံးထုတ်ခဲ့ပြီး ဇန်နဝါရီ ၁၃ ရက်နေ့ရုံးချိန်းမှာ တရားရုံးကမေးခွန်းတချို့မေးမြန်းခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ရုံးချိန်းပြန်ခေါ်ထားပေမယ့် Civil Investigative Demand (CID) report delay (အရပ်ဘက်စုံစမ်းစစ်ဆေးရေးတောင်းဆိုမှုအစီရင်ခံစာ) နှောင့်နှေးတဲ့အကြောင်းပြချက်နဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကို ရုံးချိန်းပြောင်းရွှေ့ထားပါတယ်။ 

Kachin Baptist Churches USA အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာတော် အားလေ့ က "ဇန်နဝါရီ ၁၃ရက်နေ့ရုံးချိန်းတုန်းက မေးသင့်မေးထိုက်တာတွေကို ဆရာ့ကိုမေးခဲ့တယ်။ ဆရာက ထူးထူးခြားခြားပြောခဲ့တာမရှိခဲ့ဘူး။ မေးတာဖြေတာလောက်ပဲရှိတယ်။ ကျန်းမာရေးတော့ ကောင်းတယ်လို့ ပြောတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး သူတို့တခုခုတော့စီစဉ်ပေးထားတယ် ထင်ပါတယ်။ မိသားစုနဲ့တော့တွေ့ခွင့်မရသေးဘူး။ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) လည်း ထပ်စွဲမယ်ကြားတယ်ဗျ" လို့ ပြောပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ အဆုတ်အားနည်းတဲ့ရောဂါ၊ လည်ပြွန်ရောင်တာနဲ့ သွေးတိုးရောဂါတွေကြောင့် ထိုင်းနိုင်ငံကိုသွားရောက်ဆေးကုဖို့ မန္တလေးလေဆိပ်ကနေ ထွက်ခွာဖို့ပြင်ဆင်ချိန်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံတဝန်း ဘာသာရေးခေါင်းဆောင်တွေဖမ်းဆီးခံရတာ၊ ဘာသာရေးအဆောက်အဦတွေ ဖျက်ဆီးခံရတာတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ညီလာခံ ဥက္ကဋ္ဌနဲ့ ဆွေးနွေးခဲ့သလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတချို့ကိုလည်း အသိပေးပြောဆို ထားတယ်လို့  အမေရိကန်နိုင်ငံရောက် ကချင်နဲ့ ချင်း ဘာသာရေးသမားတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013