DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့် ဟုမ္မလင်း-ဖောင်းပြင်လမ်း ယာယီအသုံးမပြုရန် HPDF က ပြည်သူကို အသိပေး
DVB
·
February 2, 2023
တိုက်ပွဲကြောင့် ဟုမ္မလင်း-ဖောင်းပြင်လမ်း ယာယီအသုံးမပြုရန် HPDF က ပြည်သူကို အသိပေး
Donate to DVB

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု (PDF) တွေအကြား ဇန်နဝါရီ ၁ ရက်က စတင်ကာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်က ကုန်းလမ်း၊ ရေလမ်းနဲ့ လေကြောင်းကနေ စစ်ကူလာနေကြောင့် ဟုမ္မလင်း- ဖောင်းပြင်လမ်းကြောင်းအားလုံးကို ယာယီအသုံးမပြုကြဖို့ PDF တပ်တွေက ပြည်သူကို အသိပေးလိုက်ပါတယ်။

HPDF တာဝန်ရှိသူက “မနေ့က ရွှေပြည်အေးမှာရှိတဲ့ စစ်တပ်နဲ့ ပျူပူးပေါင်းစခန်းချနေတဲ့နေရာ သုံးခုကို တပြိုင်တည်းတိုက်ပြီး ဝင်သိမ်းတာ ၉၀ ရာခိုင်နှုန်းသိမ်းလိုက်နိုင်ပြီး စစ်တပ်ဘက်က ညနေပိုင်းမှာ MI- 35 နဲ့ သုံးကြိမ် လာပြီ ပစ်ကူပေးတယ်။ အခုလည်း လေယာဉ် သုံးစီး လာဝဲနေတယ်။ ဖောင်းပြင်ဘက်ကနေလည်း ရေကြောင်းနဲ့ ကုန်းကြောင်းကို သုံးပြီး စစ်ကူလာနေတယ်လို့ ကြားရတယ်။ ဒါ့ ကြောင့် မှားယွင်းပစ်ခတ်မိမှာ စိုးရိမ်လို့ ပြည်သူတွေအနေနဲ့ ဟုမ္မလင်း- ဖောင်းပြင်လမ်းကို ခဏ အသုံးမပြုကြဖို့ သတိပေးချင်တယ်” လို့ ပြောပါတယ်။ 

ဟုမ္မလင်းမြို့နယ်မှာ စစ်ကောင်စီတပ်၊ SNA ရှမ်းနီးတပ်နဲ့ ပျုစောထီးပူးပေါင်းတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတို့ကြား ၂၀၂၂ ခုနှစ်ကတည်းက တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပါတယ်။ လက်ရှိ အချိန်ထိလည်း ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်မှာ ဆက်လက်စစ်ရေးတင်းမာမှုတွေရှိနေပါတယ်လို့ ဒေသခံတွေပြောပါတယ်။ 

“အခုချိန်ထိ နှစ်ဖက်ရင်ဆိုင်ထားတုန်းပဲ။ ပစ်ခတ်တာတော့ ငြိမ်နေတယ်။ စစ်တပ်ဘက်က စစ်ကူလာနေတယ်လို့ ကြားရတယ်။ တိုက်ပွဲက ဆက်ဖြစ်လာနိုင်တဲ့အခြေအနေရှိတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်နဲ့ ပျုစောထီးပူးပေါင်းအဖွဲ့တွေကို SNA  ရှမ်းနီတပ်က စစ်ကူးပေးတယ်လို့လည်း မျက်မြင်သက်သေတွေကပြောပေမဲ့ SNA ဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။

SNA ရှမ်းနီတပ်ကို ဟုမ္မလင်းမြို့နယ်အတွင်းက ပြည်သူလူထုတွေက ဆန့်ကျင်ကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ဆန္ဒထုတ်ဖော်ကန့်ကွက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013