DVB Logo
Home
မြန်မာသတင်း
ဦးမင်းဇင်ကို အမြန်ပြန်လွှတ်ပေးရန် အမေရိကန် ပညာရှင် ၁၀၀ ကျော် ပူးပေါင်း တောင်းဆို
DVB
·
August 28, 2026
Photo: Min Zin Facebook
Photo: Min Zin Facebook
Donate to DVB

မြန်မာ့အရေးလှုပ်ရှားသူ အမေရိကန်နိုင်ငံသား ဦးမင်းဇင် တရုတ်နိုင်ငံမှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ အမြန်ဆုံးပြန်လွှတ်ပေးဖို့ အမေရိကန်နဲ့ နိုင်ငံရပ်ခြားက  ပါမောက္ခတွေနဲ့ ပညာရှင် ၁၀၈ ယောက်က ဩဂုတ် ၂၇ ရက်မှာ ပူးပေါင်းတောင်းဆိုလိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက ဦးမင်းဇင်ကို မတရား ထိန်းသိမ်းခံရသူအဖြစ် တရားဝင် သတ်မှတ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ရှိကြောင်း၊ အမေရိကန်အစိုးရအနေနဲ့ ဦးမင်းဇင်ရဲ့ အရေးကို အရေးပေါ် ဦးစားပေးအဖြစ် ဆက်လက်ထားရှိပေးဖို့၊ ဦးမင်းဇင်ကို ချက်ချင်း ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့နဲ့ သူ့ ဘေးကင်းလုံခြုံမှုကို အာမခံပေးဖို့ ပညာရှင် ၁၀၀ ကျော်က သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တောင်းဆိုပါတယ်။

“ကျွန်ုပ်တို့ဟာ သုတေသနပြုလုပ်ခွင့်၊ သုတေသနရလဒ်တွေကို ဖြန့်ဝေခွင့်နဲ့ ထုတ်ဝေခွင့်တို့ အပါအဝင် ပညာရပ်ဆိုင်ရာ လွတ်လပ်ခွင့်ကို ထောက်ခံသူတွေဖြစ်ကြပြီး တရုတ်နိုင်ငံနဲ့ အမေရိကန်ရှိ ပညာရေးအဖွဲ့အစည်းတွေဟာ လွတ်လပ်ပြီး ပွင့်လင်းတဲ့ အတွေးအခေါ် ဖလှယ်မှု၊ အရည်အသွေးမြင့် ပညာရပ်ဆိုင်ရာ သုတေသနဲ့ အကဲဖြတ် ဝေဖန်ဆန်းစစ်မှုတို့ကနေ အကျိုးကျေးဇူးရရှိတယ်လို့ ယုံကြည်ကြတဲ့ အာရှနဲ့ နိုင်ငံတကာရေးရာ ပညာရှင်တွေဖြစ်တယ်။ ဒါကြောင့် မတရား ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ လုပ်ဖော်ကိုင်ဖက် ဦးမင်းဇင်ရဲ့ အရေးအတွက် အလွန်အမင်း စိုးရိမ်ပူပန်တယ်” လို့ စာမှာဖော်ပြပါတယ်။

ဦးမင်းဇင်ဟာ အသိပညာ ဗဟုသုတ နက်ရှိုင်းမှု၊ ဆန်းစစ်လေ့လာနိုင်စွမ်းနဲ့ ဆွေးနွေးတိုင်ပင်ဖို့ စိတ်အားထက်သန်မှုတို့ကြောင့် ကျယ်ပြန့်စွာ လေးစားခံရတဲ့ နိုင်ငံတကာအသိအမှတ်ပြု ပညာရှင်တယောက်ဖြစ်တယ်၊ ဦးမင်းဇင်နဲ့ ISP-Myanmar ရှိ ပညာရှင်တွေလို လွတ်လပ်တဲ့ ပွင့်လင်းရင်းမြစ် သုတေသီတွေဟာ ခြိမ်းခြောက်ခံရတာ ဒါမှမဟုတ် မတရား ထိန်းသိမ်းခံရတာ မရှိဘဲ သူတို့ရဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နိုင်ဖို့ အလွန်အရေးကြီးတယ်လို့  ယုံကြည်ကြောင်းလည်း အမေရိကန် ပညာရှင်တွေက ပြောပါတယ်။

မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ဟာ ဇွန် ၃ ရက်က ပညာရပ်ဆိုင်ရာ ပွဲတခုကို သွားရောက်စဉ် တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဖမ်းဆီးထိန်းသိမ်းတာခံခဲ့ရတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ အမေရိကန်နိုင်ငံသား ဦးမင်းဇင်ကို သူလျှိုမှု သံသယနဲ့ ဖမ်းဆီးထားတာလို့ ဇွန် ၁၂ ရက်မှာ ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013