DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်း ၂ နှစ်တာအတွင်း သတင်းသမားများအား အကြမ်းဖက်မှု နည်းမျိုးစုံဖြင့် ကြီးထွားလာနေ
DVB
·
February 1, 2023
အာဏာသိမ်း ၂ နှစ်တာအတွင်း သတင်းသမားများအား အကြမ်းဖက်မှု နည်းမျိုးစုံဖြင့် ကြီးထွားလာနေ
Donate to DVB

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ၂ နှစ်တာကာလတွေအတွင်း သတင်းသမားတွေကို အကြမ်းဖက်ဖိနှိပ်မှုတွေဟာ နည်းလမ်းမျိုးစုံနဲ့ ကြီးထွားလာနေခဲ့တယ်လို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က ပြောပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက အကြမ်းဖက်စစ်အုပ်စုရဲ့ သတင်းလွတ်လပ်ခွင့် ချိုးဖောက်မှု ကိန်းဂဏန်းတွေဟာ တကယ်ပဲ ထိတ်လန့်စရာကောင်းနေတယ်လို့ RSF က ပြောလိုက်ပြီး စစ်တပ်အနေနဲ့ အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာကို ဖုံးကွယ်ဖို့နဲ့ သူတို့ရဲ့ အာဏာသက်ရောက်စေဖို့နဲ့ စစ်ကောင်စီက ထိန်းချုပ်တဲ့ သတင်းနဲ့ အချက်အလက်တွေ လျော့သွားအောင်လုပ်တဲ့ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတာ၊ နှိပ်စက်ညှဉ်းပန်းတာတွေ စတဲ့ နည်းလမ်းတွေနဲ့ သတင်းသမားတွေကို နှိမ်နင်းနေတယ်လို့ ပြောပါတယ်။

RSFအဖွဲ့ရဲ့ အာရှ-ပစိဖိတ်ဒေသတာဝန်ခံ ဒန်နီယယ်ဘတ်စတာ့ဒ်က “မြန်မာနိုင်ငံက ခုလိုဆိုးဝါးတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ စုစည်းထားတဲ့ ကိန်းဂဏန်းတွေကြောင့် RSF အနေနဲ့ အမြဲတမ်း စိုးရိမ်ထိတ်လန့်နေရပါတယ်။ တတိုင်းပြည်လုံးမှာလည်း ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့အတူ ဂျာနယ်လစ်တွေအပေါ် ချမှတ်တဲ့ ပြစ်ဒဏ်တွေက ပိုရှည်လာနေတယ်။ ဒါတွေအားလုံးရဲ့ တခုတည်းသော ရည်မှန်းချက်ကတော့ မြန်မာစစ်ဗိုလ်ချုပ်တွေ လက်အောက်မှာ ဖြစ်ပျက်နေမှုတွေကို ကမ္ဘာက သိရှိလာဖို့ကနေ တားဆီးနိုင်ဖို့ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးချိန်ကတည်းက မြန်မာနိုင်ငံမှာ သတင်းထောက် ၄ ယောက် သတ်ဖြတ်ခံခဲ့ရပြီး သူတို့ထဲက ၂ ယောက်ကတော့ အကြမ်းဖက် စစ်ဆေးမေးမြန်းတာ၊ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်တာတွေကြောင့် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီကာလတွေအတွင်း သတင်းသမားအယောက် ၁၃၀ ထက်မနည်း ဖမ်းဆီးထောင်ချခံခဲ့ရပြီး ၇၂ ယောက်ကတော့ အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံနေရဆဲ ဖြစ်ကာ သတင်းသမား ဒါဇင်နဲ့ချီ ညှဉ်းပန်းနှိပ်စက်ခံရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ အလွတ်တန်း သတင်းထောက် မျိုးစံစိုးကို ၂၀၂၂ ခုနှစ်ကုန်ပိုင်းလောက်မှာ အကြမ်းဖက်စစ်အုပ်စုက ထောင်ဒဏ် ၁၅ နှစ်ထိ စံချိန်တင် ချမှတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ 

စစ်တရားရုံးတွေကနေ သတင်းသမားတွေအပေါ် ချမှတ်တဲ့ ထောင်ဒဏ်တွေဟာ တဖြည်းဖြည်း ပိုမိုများပြားလာခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အကုန်တုန်းက ပြစ်ဒဏ်ချမှတ်ခံရတဲ့ မြန်မာသတင်းသမား ၅၈ ယောက်ရှိခဲ့ရာကနေ ၂၀၂၂ ခုနှစ်အကုန်မှာတော့ ၁၈၉ ဦးအထိ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူတွေ တိုးလာခဲ့တယ်လို့လည်း RSF က ပြောပါတယ်။

ကမ္ဘာ့နိုင်ငံတွေထဲ မီဒီယာသမားတွေကို ဖမ်းဆီးမှုမှတ်တမ်းမှာ တရုတ်နိုင်ငံက အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံဟာ ဒုတိယမြောက်ဖြစ်တယ်လို့လည်း RSF က ပြောပါတယ်။

RSF ရဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းစာရင်းထဲက နိုင်ငံ ၁၈၀ မှာ မြန်မာနိုင်ငံဟာ  သတင်းလွတ်လပ်ခွင့်အဆိုးဆုံးနိုင်ငံအဆင့် ၁၇၆ မှာ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013