DVB Logo
Home
မြန်မာသတင်း
NUG အစိုးရနှင့် နော်ဝေလွှတ်တော်အမတ်များတွေ့ဆုံ၊ စစ်အုပ်စုကို အပြစ်ပေးအရေးယူနိုင်ရေး ဆွေးနွေး
DVB
·
February 1, 2023
NUG အစိုးရနှင့် နော်ဝေလွှတ်တော်အမတ်များတွေ့ဆုံ၊ စစ်အုပ်စုကို အပြစ်ပေးအရေးယူနိုင်ရေး ဆွေးနွေး
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူတွေနဲ့ နော်ဝေနိုင်ငံ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဇန်နဝါရီ ၃၁ ရက်မှာ တွေ့ဆုံခဲ့ပြီး အကြမ်းဖက်စစ်အုပ်စု

ကျူးလွန်နေတဲ့ စစ်ပွဲရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ်အကြမ်းဖက်မှု စတဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အပြစ်ပေးအရေးယူနိုင်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ NUG ကထုတ်ပြန်ပါတယ်။

ဒီတွေ့ဆုံမှုမှာတော့ NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ NUGနော်ဝေဆိုင်ရာကိုယ်စားလှယ် ဦးမောင်မောင်မြင့်၊ ကိုယ်စားလှယ်ရုံး ရုံးအဖွဲ့မှူး ဒေါ်ဝတ်မှုန်ဝင်းနဲ့ ကိုယ်စားလှယ်ရုံးရဲ့ အကြံပေးပုဂ္ဂိုလ် ပါမောက္ခ ဒေါက်တာ ခရစ္စတီယန်စတုတ်ခ်တို့ ပါဝင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုက အတင်းအဓမ္မကျင်းပဖို့ ကြိုးပမ်းနေတဲ့ အတုအယောင် ရွေးကောက်ပွဲပေါ် အမြင်တွေကိုလည်း အချင်းချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံအနေနဲ့ အရေးပေါ်လိုအပ်နေတဲ့ ရိက္ခာ၊ အကူအညီနဲ့ ဆေးဝါးတွေကို နယ်စပ်ဖြတ်ကျော် ပို့ဆောင်ပေးနိုင်ရေး၊ NUG အစိုးရကို အသိမှတ်ပြုထောက်ခံပြီးတော့ နော်ဝေနိုင်ငံအနေနဲ့ အရင်နှစ်က မြန်မာအရေးကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆန္ဒပြုထောက်ခံခဲ့သလို အခုနှစ်မှာလည်း ဆက်လက်ထောက်ခံမှုပြုပေးဖို့နဲ့ ကာကွယ်မှုပြုပေးဖို့စတဲ့ အချက်တွေ ပါဝင်တဲ့ အချက် ၆ ချက်ကိုလည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

NUG အစိုးရတာဝန်ရှိသူတွေနဲ့ နော်ဝေပါလီမန်အမတ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်တုန်းကလည်း အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ခုတကြိမ်မှာတော့ လူချင်းတွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ကာ ပိုမိုအားကောင်းတဲ့ သံတမန်ရေးကို တည်ဆောက်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ မြန်မာ့နွေဦးတော်လှန်ရေးဟာ အချိန် ၂ နှစ် ပြည့်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း လက်ရှိအချိန်တိုင်အောင် လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ် တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Photo-NUG

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013