DVB Logo
Home
မြန်မာသတင်း
ရေဦးမြို့နယ်၌ မီးရှို့ခံရသည့် အိမ်ထောင်စု ၁၆၀ အတွက် စောင်နှင့် စားနပ်ရိက္ခာများ လှူဒါန်း
DVB
·
January 31, 2023
ရေဦးမြို့နယ်၌ မီးရှို့ခံရသည့် အိမ်ထောင်စု ၁၆၀ အတွက် စောင်နှင့် စားနပ်ရိက္ခာများ လှူဒါန်း
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ မီးမောင်းကုန်းကျေးရွာက စစ်ကောင်စီတပ်ရဲ့ မီးရှို့ခံရတဲ့ နေအိမ်တွေက မိသားစုတွေ လိုအပ်နေတဲ့ စောင်၊ ခြင်ထောင်နဲ့ စားနပ်ရိက္ခာတွေကို S&C မီးဘေး၊ စစ်ဘေး၊ ပညာရေးစောင့်ရှောက်မှုအဖွဲ့က  ဇန်နဝါရီ ၃၀ ရက်မှာ သွားရောက်လှူဒါန်းခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ရဲ့ နှစ်ကြိမ်တိတိ မီးရှို့ဖျက်ဆီးခံထားရတဲ့ မီးမောင်းကုန်းကျေးရွာက အိမ်ထောင်စု ၁၆၀ စာအတွက် စောင်၊ ခြင်ထောင်၊ ကော်ဖီမစ်၊ ခေါက်ဆွဲထုပ်နဲ့ လက်ဖက်ခြောက် စတာတွေကို လှူဒါန်းခဲ့တယ်လို့ S&C မှ တာဝန်ရှိသူက ပြောပါတယ်။

“တအိမ်ထောင်ကို ၄၅,၀၀၀ နှုန်း ကျပါတယ်။ မီးနှစ်ခါတောင် အရှို့ခံထားရတာဆိုတော့ သူတို့မှာ ဘာမှမကျန်သလောက်ပါပဲ။ သူတို့မှာ တောင်ယာတွေပဲ လုပ်ကိုင်စားကြရတာဆိုတော့ အခုချိန် တော်တော်လေး ခက်ခဲနေကြပါတယ်။ အားလုံး စိတ်ဓာတ်အကျပိုင်းရောက်နေလို့ အားတင်းထားကြဖို့နဲ့ ဘာမှအားမငယ်ပါနဲ့၊ ကျနော်တို့ အကုန်လုံးကို ကူနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေတယ်လို့မှာချင်တယ်။ သူတို့အားလုံးရဲ့ အခက်အခဲတွေကို သိပါတယ်။ အင်တာနက်မရှိ၊ လျှပ်စစ်မီးမရှိ။ ရှိတဲ့အိမ်လေးတောင် မီးရှို့ခံရတော့ သူတို့မှာ အရာရာဟာ အဆက်ပြတ်ပြီး သူတို့ဘဝရှေ့ရေး ဘာမှမသိကြတော့တဲ့အထိ ကျွေးရင်စားမယ်၊ မရှိရင် အငတ်နေမယ်၊ အလုပ်အကိုင်ကလည်း တောင်ယာသိမ်းတော့ ဘာအလုပ်အကိုင်မှမရှိ၊ အားလုံး အားငယ်နေကြတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင် ၁၀ ရက်က ရေဦးမြို့နယ်ထဲမှာရှိတဲ့ စည်သာမြေ၊ လိန်ကုန်းနဲ့ မီးမောင်းကုန်းရွာတွေကို စစ်ကြောင်းထိုးဝင်ရောက် ရွာတွေကို မီးရှို့ပြီး နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့တာကြောင့် မီးမောင်းကုန်းရွာမှ အိမ်ခြေ ၇၀ ဝန်းကျင် မီးလောင်ပျက်စီးကာ အသက် ၈၇ နှစ်အရွယ် သက်ကြီးရွယ်အိုတဦး မီးလောင်သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013