DVB Logo
Home
မြန်မာသတင်း
မြင်းခြံတွင် စစ်ကောင်စီတပ်က ဗိုလ်ကြီးလင်မယား ပစ်သတ်ခံရ
DVB
·
January 28, 2023
မြင်းခြံတွင် စစ်ကောင်စီတပ်က ဗိုလ်ကြီးလင်မယား ပစ်သတ်ခံရ
Donate to DVB

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ် လကတ (၂၀၃၁)မှ  ဗိုလ်ကြီးအဆင့်ရှိသူ ခင်မောင်ထွန်းနဲ့ဇနီးဖြစ်သူတို့ကို ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းက မြင်းခြံအခြေစိုက် “လူကြမ်းကြီး အထူးပြောက်ကျားတပ်ဖွဲ့”က သွားရောက် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

အဆိုပါဗိုလ်ကြီးလင်မယားဟာ ပျော်ဘွယ်စံပြကျေးရွာက “ရတနာထွန်း “သစ်ဝါး အိမ်ဆောက်ပစ္စည်းဆိုင်ပိုင်ရှင်ဖြစ်ပြီး စစ်ကောင်စီတပ်တွေထဲ မကြာခဏ အဝင်အထွက် ရှိတဲ့သူတွေဖြစ်လို့ ထိထိရောက်ရောက်အရေးယူတာလို့ ဆိုပါတယ်။ 

ဒါ့အပြင် အဲဒီဗိုလ်ကြီးပိုင်ဆိုင်တဲ့ ဖုန်းဆိုင်လည်းရှိပေမယ့် ဘာပစ္စည်းမှ သိမ်းယူခဲ့ခြင်းမရှိဘဲ အဲဒီနားက ပျူစောထီးအဖွဲ့ကသာ ဖြစ်စဥ်ပြီးလို့ မကြာခင် ရောက်လာပြီး ဗိုလ်ကြီးရဲ့ကားတွေ သိမ်းယူသွားတာလို့ ဒေသတွင်း သတင်းအရင်းမြစ်တွေက ဖော်ပြပါတယ်။

နောက်နောင်တွေမှာလည်း စစ်ကောင်စီနဲ့ပူးပေါင်းပြီး သတင်းပို့သတင်းယူလုပ်တဲ့ သူမှန်သမျှ အချိန်နဲ့ တပြေးညီ အရေးယူရှင်းလင်းသွားမယ်လို့ လူကြမ်းကြီး အထူးပြောက်ကျားတပ်ဖွဲ့က ကြေညာထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013