DVB Logo
Home
မြန်မာသတင်း
ဘားအံမြို့ သာမညတောင်နယ်မြေတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ
DVB
·
January 28, 2023
ဘားအံမြို့ သာမညတောင်နယ်မြေတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာမည(ဘေးမဲ့သာသနာ့နယ်မြေ)ကျေးရွာမှာ  ဇန်နဝါရီ ၂၇ ရက် ည ၇ နာရီလောက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်မြတ်ကို အမည်မသိလက်နက်ကိုင် ၃ ဦးက နေအိမ်ရှေ့မှာ သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

သေဆုံးသူ ဦးအောင်မြင့်မြတ်ဟာ မိသားစုနဲ့အတူ  ကော့ကဒါကျေးရွာကနေ ထမင်းစားပြီးကားနဲ့အပြန် နေအိမ်ရှေ့အရောက် ကားပေါ်ကအဆင်း အမည်မသိသေနတ်သမား ၃ ဦးက သေနတ်နဲ့အနီးကပ် ၆ ချက်ပစ်ခတ်ခံလိုက်ရတာပါ။

ဦးအောင်မြင့်မြတ်ဟာ ကျူရှင်ဆရာတယောက်ဖြစ်ပြီး နှင်းဆီပါတီကိုယ်စားလောင်းအဖြစ် ၂၀၂၀ ခုနှစ်က ဝင်ရောက်အရွေးခံခဲ့ဖူးတဲ့အပြင် စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ခံတာတွေ လုပ်ဆောင်နေသူဖြစ်ပါတယ်။

ဒေသခံပြည်သူတဦးက "သူက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး။ နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို နိုင်ငံရေးတက်ကြွလုပ်ရှားတဲ့ လူငယ်တွေရဲ့သတင်းတွေကိုပေးနေတာ။ သူကြောင့် လူငယ်တွေထွက်ပြေးတိမ်းရှောင်နေရတယ်။ နောက်လုပ်မယ့် စကစခန့်အုပ်ချုပ်ရေးမှူးတွေနောက်ကျောလုံဖို့လိုတယ်" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘေ ၂ ရက် ည ၈ နာရီလောက်ကလည်း သာမညကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အမည်မသိလူ ၂ ယောက်က ဆိုင်ကယ်ပေါ်ကနေ ဗုံးပစ်ခဲ့တဲ့အတွက် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် နယ်ခြားစောင့်(BGF)တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦး ထိမှန်ဒဏ်ရာရှိပြီးနောက် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဝင်တွေက လမ်းမတန်းတလျှောက် အော်ဟစ်ဆဲဆိုပြီး သေနတ်နဲ့လိုက်လံပစ်ခတ်ခဲ့ပါတယ်။

အောက်တိုဘာ ၂၅ ရက် ညကလည်း စစ်ကောင်စီခန့် သာမည‌ကျေးရွာအုပ်ချုပ်ရေးမှူး စောသိန်းနိုင်အိမ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သလို အောက်တိုဘာ ၁၃ မနက် ၇ နာရီလောက်က ဘားအံ-မြဝတီ(သာမညအတွင်း)လမ်းမတန်းအနီးမှာနေထိုင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဘားအံခရိုင်ဥက္ကဋ္ဌ  ဦးခွန်အောင်ကျော်မိုးဟာ နေအိမ်မှာ အမည်မသိ လက်နက်ကိုင်တွေရဲ့ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။

သာမညကျေးရွာဟာ သာမညတောင်ဆရာတော်ကြီး ရှိစဉ်တည်းက သက်သက်လွတ်ဘေးမဲ့တောင်အဖြစ် သတ်မှတ်ထားပေမယ့် ကျေးရွာအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ BGF၊ DKBA ၊ KNU/KNLA(PC) နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်လှုပ်ရှားနေတဲ့အပြင် နေထိုင်သူတွေလည်းရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013