DVB Logo
Home
မြန်မာသတင်း
Non-CDMများကို စုစည်းနိုင်သမျှစုစည်း၊ စည်းရုံးနိုင်သမျှ စည်းရုံးရေးမူ ကျင့်သုံးသင့်ဟု ဗကသ ထုတ်ပြန်
DVB
·
January 28, 2023
Non-CDMများကို စုစည်းနိုင်သမျှစုစည်း၊ စည်းရုံးနိုင်သမျှ စည်းရုံးရေးမူ ကျင့်သုံးသင့်ဟု ဗကသ ထုတ်ပြန်
Donate to DVB

Non-CDM တွေကို စုစည်းနိုင်သမျှ စုစည်း၊ စည်းရုံးနိုင်သမျှ စည်းရုံးရေးမူဟာ တော်လှန်ရေးအောင်ဖို့ လက်တွေ့အဆန်ဆုံး အသင့်တော်ဆုံး မူဝါဒလို့ ယုံကြည်တဲ့အကြောင်း  ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ကြေညာပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက မကြာသေးခင်က ထုတ်ပြန်ထားတဲ့ CDM မူဝါဒနဲ့ ပတ်သက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)က သဘောထားအမြင်တွေ ဇန်နဝါရီ ၂၇ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။

Non-CDMတွေဟာ တော်လှန်ရေးအတွက် အဓိကထားရမယ့် အင်အားစုတွေ မဟုတ်သလို အဓိကထားတိုက်ခိုက်ရမယ့် အင့်အားစုတွေ မဟုတ်ဘူးလို့ ယူဆကြောင်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီအတွက် CDMလှု ပ်ရှားမှုဟာ အတော် အထိနာစေခဲ့ပြီး ယနေ့ထိတိုင် CDM တွေကို လူမျိုးစုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေတွေ အထိ လိုက်လံ ဖမ်းဆီးတာတွေ ရှိနေတာပါ။ 

ဒါ့အပြင် CDMဝန်ထမ်းတွေ အလုပ်ဝင်နေတဲ့ ပုဂ္ဂလိက ဆေးရုံတွေ၊ စာသင်ကျောင်းတွေက စလို့ အလုပ်ရုံမှန်သမျှ လိုက်လံ ရှာဖွေပြီး ဖမ်းဆီးချိတ်ပိတ်တာတွေ ရှိနေတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

အဲဒီလို အခက်ခဲတွေ ရှိနေတဲ့ CDM ဝန်ထမ်းတွေအတွက် NUCCက ထုတ်ပြန်တဲ့ “CDM မူဝါဒ”အပေါ် နိုင်ငံရေးအင်အားစုအသီးသီးရဲ့ သဘောထားအမျိုးမျိုး ထွက်ပေါ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013