DVB Logo
Home
မြန်မာသတင်း
အရာတော် ပျူစောထီးရွာကို PDF အဖွဲ့များသိမ်းပိုက်၊ ကန့်ဘလူတွင် စစ်ကောင်စီတပ် ၄ ရက် ဆက် တိုက်ခိုက်ခံရ
DVB
·
January 28, 2023
အရာတော် ပျူစောထီးရွာကို PDF အဖွဲ့များသိမ်းပိုက်၊ ကန့်ဘလူတွင် စစ်ကောင်စီတပ် ၄ ရက် ဆက် တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ပျူစောထီးကျေးရွာဖြစ်တဲ့ သလဲဘာကျေးရွာကို ဇန်နဝါရီ ၂၇ ရက် ညနေ ၆ နာရီက စတင်ကာ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ မဟာမိတ်တော်လှန်ရေး အင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စခန်းသိမ်းရှင်းလင်းနိုင်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တွေက ပြောပါတယ်။

အဲဒီတိုက်ပွဲဟာ ဇန်နဝါရီ ၂၇ ရက် ညနေ ၆ နာရီလောက်စ စတင်ဖြစ်ပွားခဲ့ပြီး ၆ နာရီနီးပါး ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ကိုသက်ကြီးက "အရာတော်မြို့နယ်၊ သလဲဘာပျူအခြေစိုက်စခန်းကို ကျနော်တို့အဖွဲ့နဲ့ အရာတော်မြို့နယ်က နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်ရင်း ပျူစခန်းသိမ်းနိုင်ခဲ့တယ်ဗျ။ တိုက်ပွဲအထိခိုက်ကတော့ စကစအရာရှိအပါအဝင် စခ ၈ ကောင်ဘဝပြောင်းသွားပြီး ပျူ ၃၅ ကောင်ဝန်းကျင် နိဂုံးချုပ်ပေးနိုင်ခဲ့တယ်ဗျ။ ည ၁၁ နာရီ ၃၀ မိနစ်မှာ ပျူစခန်းအား လုံးဝသိမ်းနိုင်ခဲ့တယ်ဗျ။ ကျနော်တို့တော်လှန်ရေးအဖွဲ့တွေဘက်ကတော့ အထိခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

အခုစခန်းသိမ်းနိုင်ခဲ့တဲ့ သလဲဘာပျူစခန်းကို နိုဝင်ဘာ ၃ ရက်နေ့ကလည်း ဒရုန်းနဲ့တိုက်ခိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် သလဲဘာကျေးရွာအနီးက ကျေးရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးနေတာကြောင့် အကြမ်းဖက်ခံရမှာကို စိုရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်၊ ညောင်ဇင်လေး (အနောက်) ရွာ စာသင်ကျောင်းအတွင်း အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို ဇန်နဝါရီ ၂၅ ရက် ည ၉ နာရီလောက်က ကန့်ဘလူ မဟာမိတ် ပူးပေါင်းအဖွဲ့တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခိုက်ခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ-ကန့်ဘလူခရိုင် အဖွဲ့က ထုတ်ပြန်ပါတယ်။

အဖွဲ့တာဝန်ရှိသူက “ဒေသခံ ပကဖအဖွဲ့များမှ ပူးပေါင်းပြီး ၈၀ မမ၊ ၄၀ မမ နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဘက်ကလည်း ပြန်လည်ပစ်ခတ်တာ အနည်းငယ်ရှိခဲ့ပါတယ်” လို့ ပြောပါတယ်။

ဇန်နဝါရီ ၂၆ ရက် မနက် ၁၀ နာရီလောက်ကလည်း ညောင်ဇင်လေး (အနောက်) ရွာမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို မဟာမိတ်ပူး‌ပေါင်းအဖွဲ့တွေက ၄ ကြိမ်မြောက် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

ညောင်ဇင်လေး (အနောက်) ရွာမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို ကန့်ဘလူမဟာမိတ်အဖွဲ့တွေက ဇန်နဝါရီ ၁၇၊ ၂၃ ၊ ၂၅ နဲ့ ၂၆ ရက်နေ့တွေမှာ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက ပြောပါတယ်။

အကြိမ်ကြိမ် သွားရောက်ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ အထိအခိုက် အကျအဆုံးရှိနိုင်ပြီး ကန့်ဘလူမဟာမိတ်အဖွဲ့များအားလုံး အထိအခိုက်မရှိ အ‌န္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013