DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်း ၂ ပြည့် ပြည်လုံးကျွတ် “Silent Strike” သပိတ်ဆင်နွှဲမည်
DVB
·
January 28, 2023
စစ်အာဏာသိမ်း ၂ ပြည့် ပြည်လုံးကျွတ် “Silent Strike” သပိတ်ဆင်နွှဲမည်
Donate to DVB

လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က တိုင်းပြည်အာဏာကို တရားမဝင် လုယူခဲ့တဲ့ ၂ နှစ်ပြည့်နေ့မှာ "တသံတည်းညီ တချီတည်းရုန်း"ကြွေးကြော်သံနဲ့ နိုင်ငံတဝန်း  “Silent Strike”  တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ဆင်နွှဲမှာဖြစ်လို့ ပြည်သူတွေအားလုံး ပူးပေါင်းပါဝင်ကြဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားတယ်။

Silent Strike ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအတွင်း အပြင်မထွက်ဘဲပူးပေါင်းပါဝင်ကြဖို့ ဆိုင်တွေရုံးတွေပိတ်စရာမလိုဘဲ လမ်းပေါ်မထွက်ရုံနဲ့တင် ပူးပေါင်း ပါဝင်နိုင်ကြောင်း ရေဘဝဲပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်းကဆိုပါတယ်။

နွေဦးတော်လှန်ရေးမှာတက်ကြွစွာပါဝင်နေတဲ့ ဒေါက်တာဖြိုးသီဟက "အ​ခြေအ​နေ​ကြောင့် အလုပ်​တွေ ပြန်လုပ်​​နေကြရတယ်။ လည်ပတ်​နေကြရတယ်ဆို​ပေမဲ့ နိုင်ငံဟာ ခုထိ စစ်ဖိနပ်​အောက်က​နေ မလွတ်​သေးဘူး၊ ဘယ်​တော့မှ အသားတကျ ဖြစ်သွားမှာ မဟုတ်ဘူး၊ စစ်အာဏာရှင်​တွေကို ဆန့်ကျင်​နေဆဲပဲ ဖြစ်တယ်ဆိုတာကို ပြသတဲ့အ​နေနဲ့ ပါဝင်​ပေးကြပါ။ ဒီတစ်ကြိမ် Silent Strike ကိုလည်း ​ရှေ့အကြိမ်​တွေတုန်းကလိုပဲ ​အောင်မြင်ချင်ပါတယ်"လို့ပြောပါတယ်။

ရန်ကုန်မြို့‌နေ ရုံးဝန်ထမ်းတစ်ဦးကလည်း "ပါဝင်မှာပေါ့ ကြိမ်းသေပါဝင်မှာပါ ရုံးတက် ရုံးဆင်းချိန်တွေလည်းလွတ်တဲ့အတွက် အရင်ကထက်ပါဝင်ဖို့ ပိုဆင်ပြေတယ်လေ ကျမတို့ပြည်သူတွေအနေနဲ့လည်း သွေးမအေးသေးပါဘူးဆိုတာ ပြသချင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ Silent Strike သပိတ်တွေမှာတုန်းကတော့ စစ်ကောင်စီက ဈေးဆိုင်ခန်းတွေကို မပိတ်ခိုင်းတာမျိုး ပိတ်ထားတဲ့ဆိုင်ခန်းတွေကို ဖျက်ဆီးပစ်တာမျိုးလုပ်ခဲ့တဲ့အတွက် အခုအခါမှာ ပြည်သူ့အိုးအိမ်တွေအတတ်နိုင်ဆုံးလုံခြုံအောင် စီစဉ်ထားတယ်လို့ Silent Strike ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းနေကြတဲ့ တော်လှန်ရေးအဖွဲ့ အစည်းတွေကဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တပ်ထောက်ခံသူတွေကလည်း  အာဏာသိမ်း စစ်ကောင်စီကို ထောက်ခံတဲ့ ဆန္ဒပြပွဲကို နေ့စားခတိုးပေးပြီး ကျင်းပဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013