DVB Logo
Home
မြန်မာသတင်း
နတ်တလင်းတွင်စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်များ ကြားဖြတ်တိုက်ခိုက်
DVB
·
January 27, 2023
နတ်တလင်းတွင်စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်များ ကြားဖြတ်တိုက်ခိုက်
Donate to DVB

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ဇန်နဝါရီ ၂၆ ရက် လယ်ပိုင်းက စစ်ကောင်စီတပ်တွေကို PDF ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၄ ယောက်သေဆုံးကာ ၆ ယောက် အပြင်းအထန်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ပဲခူးတိုင်း စစ်ဒေသခွဲ-Bago Region PDF က သတင်းထုတ်ပြန်ပါတယ်။

နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်အထက်ပိုင်း ဘိုကြီးစခန်းကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေဆီ ထပ်မံအင်အားဖြည့်တင်းဖို့အတွက် မကျီးပင်စက်လှေဂိတ်က တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့အင်အား ၂၀ လောက်ကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ မှ တပ်ခွဲ ၁ (Zigon PDF) ၊ တပ်ခွဲ ၂ (Phoenix)၊ တပ်ခွဲ ၃ (နတ်စစ်သည်) နဲ့ တပ်ခွဲ ၄ (MRF) ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီတပ်ဘက်က ပြန်လည်ဆုတ်ခွာသွားပြီး  တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်ကတော့ အထိအခိုက်မရှိဘူးလို့ ထုတ်ပြန် ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013