DVB Logo
Home
မြန်မာသတင်း
ကမ္ဘောဇတိုင်း သတင်းဌာန အယ်ဒီတာချုပ်ကို စစ်ကောင်စီက ထောင်ဒဏ် ၁ နှစ်ချ
DVB
·
January 27, 2023
ကမ္ဘောဇတိုင်း သတင်းဌာန အယ်ဒီတာချုပ်ကို စစ်ကောင်စီက ထောင်ဒဏ် ၁ နှစ်ချ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ အခြေစိုက်တဲ့ ကမ္ဘောဇတိုင်း သတင်းဌာန အယ်ဒီတာချုပ် ဦးကျော်ဇေယျာကို စစ်ကောင်စီက ဇန်နဝါရီ ၉ ရက်က ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

အယ်ဒီတာချုပ် ဦးကျော်ဇေယျာဟာ တောင်ကြီးမြို့ကနေ တိမ်းရှောင်နေရင်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၅ ရက် မနက်ပိုင်းက ကြို့ပင်ကောက်မြို့မှာ ဖမ်းဆီးခံခဲ့ရပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက်မှာ စစ်ကောင်စီက ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကမ္ဘောဇတိုင်းသတင်းဌာနက အမျိုးသမီး သတင်းထောက် ၂ ဦးနဲ့ အမျိုးသားသတင်းထောက် ၂ ဦးကို စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ် မတ်လ ၂၄ ရက်မှာ ဖမ်းဆီးခဲ့ကာ ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့တာပါ။ အခုလက်ရှိ အဲ့ဒီ ၄ ဦးလုံး လွတ်ငြိမ်းသက်သာနဲ့ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ ဖမ်းဆီးခံရတဲ့ သတင်းမီဒီယာသမား ၁၀ ဦးထိရှိလာပြီး အဲ့ဒီထဲမှာ ကမ္ဘောဇတိုင်းသတင်းဌာနက ၅ ဦး ပါဝင်ပါတယ်။ သူတို့တွေကို ပုဒ်မ ၅၀၅(က) နဲ့ စစ်တပ်က တရားစွဲကာ ထောင်ဒဏ် ၃ နှစ်စီချခဲ့ပြီး အဲ့ဒီထဲက ၅ ဦးကတော့ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်းမှာ အသတ်ခံရတဲ့ သတင်းသမား ၃ ဦး၊ ဖမ်းဆီးခံရတဲ့ သတင်းထောက် ၁၁၅ ဦးထိ ရှိလာပြီဖြစ်ကာ အဲဒီထဲကတချို့ကို ပြန်လွှတ်ပေးပေမဲ့ ၁၄ ဦးကတော့ ထောင်ချခံရပြီး ၅၇ ဦးကို ဖမ်းဆီးတရားစွဲထားတယ်လို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်အဖွဲ့ (RSF) က ထုတ်ပြန်ထားပါတယ်။

ဒီဗွီဘီသတင်းဌာန အပါအဝင် မဇ္ဈိမ၊ 7 Day၊ Myanmar Now၊ ခေတ်သစ် စတဲ့ သတင်းဌာန စုစုပေါင်း ၁၂ ခုကိုလည်း စစ်တပ်က ပိတ်သိမ်းခဲ့ပါတယ်။

လက်ရှိ မြန်မာ့သတင်းလွတ်လပ်ခွင့်ဟာ ကမ္ဘာမှာ အဆင့် ၁၄၀ ရောက်သွားပြီး ၁၉၉၂ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ နှစ် ၃၀ အတွင်း ၂၀၂၁ ခုနှစ်ဟာ သတင်းလွတ်လပ်ခွင့် ဆုံးရှုံးမှုအများဆုံးနဲ့ သတင်းထောက်တွေ အန္တရာယ်အရှိဆုံးနှစ်အဖြစ် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013