DVB Logo
Home
မြန်မာသတင်း
“လွတ်လပ်ခါမှ အမျှဝေမယ်” နွေဦးတော်လှန်ရေး ဖြစ်ရပ်မှန်ဇာတ်လမ်းကို ၆ နိုင်ငံတွင် ပြသမည်
DVB
·
January 27, 2023
“လွတ်လပ်ခါမှ အမျှဝေမယ်” နွေဦးတော်လှန်ရေး ဖြစ်ရပ်မှန်ဇာတ်လမ်းကို ၆ နိုင်ငံတွင် ပြသမည်
Donate to DVB

နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေပေးဖို့ ရည်ရွယ်ချက်နဲ့ ရိုက်ကူးထားတဲ့ “လွတ်လပ်ခါမှ အမျှဝေမယ်” ဖြစ်ရပ်မှန်ဇာတ်လမ်းကို လာမယ့် ဖေဖော်ဝါရီလက စတင်ကာ ကိုရီးယား၊ ဂျပန်၊ မလေးရှား၊ ထိုင်း၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံတို့မှာ ပြသသွားမယ်လို့ သိရပါတယ်။

ဒီဇာတ်လမ်းကို ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာအဖြစ် စိန်သီးနဲ့ အောင်သော်တို့ ရိုက်ကူးထားပြီး မိနစ် ၄၀ ကျော်ကြာတဲ့ ဒီဇာတ်ကားမှာ စိန်သီး၊ အောင်သော်တို့နဲ့အတူ တော်လှန်ရေးရဲဘော်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒါရိုက်တာ စိန်သီးက “ဒီဇာတ်ကားဟာ စိတ်ကူးယဉ်သက်သက် ဖန်တီးထားတာ မဟုတ်ပါဘူး။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် စစ်ကျွန်ဘဝက လွတ်မြောက်အောင် နွေဦးတော်လှန်ရေးမှာ တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ PDF ရဲဘော်တွေထဲက PDF ရဲဘော်လေးတဦးရဲ့ ရင်နာစရာတခုပါ။ ဒီဇာတ်လမ်းဟာ ကရင်နီမှာ တကယ်ဖြစ်ခဲ့တဲ့ PDF ရဲဘော်လေးနဲ့ မိခင်တဦးရဲ့ ရင်နာစရာ ဖြစ်ရပ်လေးပါ။ ဒါလေးကို ကျနော် စိန်သီးနဲ့ အောင်သော်တို့ ပူးပေါင်း အနုပညာဖန်တီး ရိုက်ကူးထားပါတယ်။ တဖက်တလမ်းကနေ ကျနော်တို့တတ်ကျွမ်းတဲ့ အနုပညာနဲ့ ရန်ပုံငွေရှာပြီး တော်လှန်ရေးအတွက် ထောက်ပို့ကူညီဖို့ ရိုက်ထားတာပါ။ နောက်ထပ်လည်း ဇာတ်လမ်းတွေ ရိုက်သွားဖို့ရှိပါတယ်” လို့ ပြောပါတယ်။

ဇာတ်ကားရန်ပုံငွေအနေနဲ့ ရုပ်ရှင်လက်မှတ်တစောင်ကို ကိုရီးယားငွေ ဝမ် ၃၀,၀၀၀၊ ထိုင်းဘတ် ၃၀၀ ဝန်းကျင်၊ အမေရိကန်‌ဒေါ်လာ ၂၀ ခန့် သတ်မှတ်ထားပြီး တောင်ကိုရီးယား၊ မလေးရှား၊ အမေရိကန်နိုင်ငံတို့မှာ ဖေဖော်ဝါရီ ၅ ရက်က စတင်ပြသသွားမှာပါ။ ကျန်နိုင်ငံတွေကိုလည်း မတ်လထဲမှာ စတင်ပြသသွားမယ်လို့ သိရပါတယ်။

ဒီဇာတ်လမ်းကို မြန်မာ့ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ချုပ် (MFDMC) က ထောက်ပံ့ကူညီထားပြီး ရရှိလာတဲ့ အမြတ်ငွေတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနနဲ့ CDM အနုပညာရှင်တွေကို ကူညီထောက်ပံ့ပေးသွားမယ်လို့ ဒါရိုက်တာ စိန်သီးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013