DVB Logo
Home
မြန်မာသတင်း
ပရဟိတကားများကို စစ်ကောင်စီက သိမ်းယူပြီး လူဦးရေစာရင်းကောက်လုပ်ငန်း၌ အသုံးပြုနေ
DVB
·
January 27, 2023
ပရဟိတကားများကို စစ်ကောင်စီက သိမ်းယူပြီး လူဦးရေစာရင်းကောက်လုပ်ငန်း၌ အသုံးပြုနေ
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်ကောင်စီတပ်က ပရဟိတမော်တော်ယာဉ်တွေကို သိမ်းဆည်းပြီး ရွေးကောက်ပွဲအတွက် လူဦးရေသန်းခေါင် စာရင်းပြုလုပ်ရာမှာ အသုံးပြုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုံရွာမြို့ပေါ်က ပရဟိတ လုပ်ငန်းလုပ်ဆောင်နေတဲ့ ပြည်တော်သာ ပရဟိတ ရုံးပိုင်ကားကို ဇန်နဝါရီ ၂၄ ရက်က သိမ်းဆည်းကာ လူဦးရေ သန်းခေါင်စာရင်း လိုက်လံကောက်ခံရာမှာ အသုံးပြုနေတာလို့ ဆိုပါတယ်။

ဒေသခံတဦးက"မြို့ပေါ်မှာ သိပ်နာမည်မရှိတဲ့ ပရဟိတအသင်းက ကားတွေကို စစ်ကောင်စီတပ်နဲ့ ရဲက လိုက်သိမ်းတယ်။ ရွှေလက်ပံဘုန်းတော်ကြီးကျောင်းက ပြည်တော်သာ ပရဟိတ ရုံးပိုင်ကားကို သိမ်းသွားတယ်။ သိမ်းပြီး လူဦးရေ သန်းခေါင်စာရင်း ကောက်ရာမှာ သုံးနေတာတွေ့တယ်" လို့ ပြောပါတယ်။

မုံရွာမြို့ ရွှေလက်ပံဘုန်းတော်ကြီးကျောင်းက ပြည်တော်သာ ပရဟိတ အသင်းပိုင် မော်တော်ယာဉ်တစီးကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့က လာရောက်သိမ်းယူကာ ကျောင်းထိုင် ဆရာတော် အပါအဝင် သံဃာ ၃ ပါးနဲ့ လူငယ် ၅ ဦးကို ဖမ်းဆီးပြီး နောက်ရက်မှာတော့ မော်တော်ယာဉ်ကို လူဦးရေ သန်းခေါင်စာရင်း လိုက်လံကောက်ခံရာမှာ အသုံးပြုနေတာပါ။

စစ်ကောင်စီတပ်ဟာ ပြည်တော်သာ ပရဟိတ အသင်းမော်တော်ယာဉ်ကို သိမ်းဆည်းခဲ့တဲ့အပြင် ဇန်နဝါရီ ၂၂ ရက်နေ့ကလည်း ပြည်လုံးချမ်းသာဘုန်းကြီးကျောင်းအတွင်း ဖွင့်ထားတဲ့ ရွှေတောင်မေတ္တာအခမဲ့ဆေးခန်းကို ဝင်ရောက်စီးနင်းခဲ့ကာ ကျောင်းထိုင်ဆရာတော်ကို ဖမ်းဆီးပြီး  ဘုန်းကြီးကျောင်းဝင်းအတွင်းမှာရှိတဲ့ ပရဟိတအသင်းပိုင် မော်တော်ယာဉ်တစီးကိုလည်း သိမ်းဆည်းသွားခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013