DVB Logo
Home
မြန်မာသတင်း
ကျောက်တော်ရှိ စစ်ဘေးရှောင်စခန်းများတွင် သောက်သုံးရေ အခက်အခဲဖြစ်နေ
DVB
·
January 27, 2023
ကျောက်တော်ရှိ စစ်ဘေးရှောင်စခန်းများတွင် သောက်သုံးရေ အခက်အခဲဖြစ်နေ
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတွေမှာ သောက်သုံးရေ အခက်အခဲဖြစ်နေပြီး နွေရာသီမှာ အခက်အခဲ ပိုဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

သောက်ရေသုံးရေ အခက်အခဲဖြစ်နေတဲ့ ကျောက်တော်မြို့နယ် ညောင်ချောင်းကျေးရွာ စစ်ဘေးရှောင်စခန်း တာဝန်ခံတဦးက “ညောင်ချောင်းကျေးရွာမှာက စစ်ဘေးရှောင်တွေ မရှိတဲ့ အချိန်မှာတောင် ရေကရှားနေတာ။ အခုလို စစ်ဘေးရှောင်တွေ များလာနေတော့ သောက်ရေသာမက သုံးရေပါ အခက်အခဲ ဖြစ်လာနေကြတယ်။ လာမယ့်နွေရာသီမှာတော့ အလွန်အခက်အခဲတွေ့လာနိုင်တယ်” လို့ ပြောပါတယ်။

အခုနှစ်မှာ မိုးရွာသွန်းမှု နည်းပါးတာကြောင့် စစ်ရှောင်စခန်းတွေမှာ အသုံးပြု သောက်သုံးနေကြတဲ့ ရေကန်တွေ နွေရာသီမရောက်မီ ရေကုန်ခန်းသွားခဲ့တာပါ။

အခုအခါ ဒုက္ခသည်စခန်းတွေမှာ အလွန်ဝေးတဲ့ ရေကန်တွေကနေ သွားရောက်သယ်ယူနေကြရ​ပြီး အဲဒီရေကန်တွေမှာလည်း လာမယ့် နွေရာသီမှာ ကုန်ခန်းသွားနိုင်တဲ့အတွက် သောက်သုံးရေအတွက် များစွာအခက်တွေ့လာနိုင်ပြီး စစ်ဘေးရှောင်တွေ စိုးရိမ်နေကြတာပါ။

ရထားဘူတာစစ်ဘေးရှောင် တာဝန်ခံတဦးကတော့ “ရထားဘူတာအနီးမှာ သောက်ရေကန် ၃ ကန်ရှိတယ်ဗျ။ ဒါပေမဲ့ ဒီနှစ် မိုးနည်းခဲ့တော့လေ ရေတွေလုံးဝခန်းခြောက်ကုန်တာ။ ဒါကြောင့် စခန်းထဲကလူတွေ မြို့ထဲမှာရှိတဲ့ ‌ရွှေကျောင်းကန်က သွားပြီး တွန်းလှည်းတွေနဲ့ ရေတွေသွားခပ်နေရတယ်” လို့ ပြောပါတယ်။

ကျောက်တော်ရှိ သောက်ရေသုံးရေ အခက်အခဲဖြစ်နေကြတဲ့ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှာ ကျေးရွာ ၂၆ ရွာနီးပါးမှ စစ်ဘေးရှောင် အိမ်ထောင်စု ၇၀၂ စု၊ လူဦးရေ ၃,၀၄၁ ဦး နေထိုင်နေကြပြီး ရထားဘူတာ စစ်ဘေးရှောင်စခန်းမှာတော့ အိမ်ထောင်စု ၄၃၄ စု၊ လူဦးရေ ၁,၈၅၀ နေထိုင်နေကြောင်း စခန်းစာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013