DVB Logo
Home
မြန်မာသတင်း
နေပြည်တော်တွင် လျှပ်စစ်ကားအားသွင်း Station တည်ဆောက်နေ
DVB
·
January 26, 2023
နေပြည်တော်တွင် လျှပ်စစ်ကားအားသွင်း Station တည်ဆောက်နေ
Donate to DVB

မြန်မာနိုင်ငံမှာ လျှပ်စစ်မီး ပုံမှန်မပေးနိုင်ပေမဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ လျှပ်စစ်ကားတွေ၊ လျှပ်စစ်ရထားတွေပြေးဆွဲဖို့ သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်တဲ့အနေနဲ့ လျှပ်စစ်ကားတွေ တင်သွင်းပြေးဆွဲဖို့ စီစဉ်နေတာဖြစ်ပါတယ်။

အခုလိုစီစဉ်တာမှာ သူ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နဲ့ ဆက်စပ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနဲ့ လုပ်ငန်းကော်မတီတွေ ဖွဲ့စည်းဆောင်ရွက်စေခဲ့ပါတယ်။

ဒီကော်မတီတွေနဲ့ ခွင့်ပြုချက်နဲ့ တရုတ်နိုင်ငံထုတ် BYD အမျိုးအစား E2 Model လူစီးနဲ့ တက္ကစီအဖြစ် စမ်းသပ်ပြေးဆွဲမယ့် လျှပ်စစ်ကားအစီး ၄၀ စတင်ရောက်ရှိနေပြီး ရန်ကုန်လေဆိပ်မှာ တက္ကစီ ၁၀ စီး၊ နေပြည်တော်သပြေကုန်းဈေးမှာ တက္ကစီ ၁၀ စီး ပြေးဆွဲသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

လျှပ်စစ်ကားစီမံကိန်းနဲ့ နီးစပ်သူတဦးက “အခု နေပြည်တော်သပြေကုန်းဈေးနားမှာ အားသွင်း Station တခုဆောက်ဖို့ စလုပ်နေပြီ။ နောက် လောလောဆယ် သိရသလောက်ဆို နေပြည်တော်မှာ စည်ပင်ဧည့်ရိပ်သာရှေ့မှာ တခု၊ ဘောဂသီရိကားကွင်းမှာ တခု၊ သုခတော်ဝင်အိမ်ရာနားမှာ တခု၊ အဲ့ လေးနေရာမှာ အားသွင်း Station တွေ ဆောက်မယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်မှာ ၅ နေရာဆောက်မယ်” လို့ ပြောပါတယ်။

လျှပ်စစ်ကားတွေ တွင်ကျယ်စွာအသုံးပြုနိုင်ဖို့ ကနဦးရှေ့ပြေးစီမံကိန်း (Pilot Project) ကာလကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ သတ်မှတ်ထားပြီး လျှပ်စစ်သုံးယာဉ်နဲ့ ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ ရေးဆွဲပြုစုနေပြီး မကြာခင် ထုတ်ပြန်နိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

ပူးပေါင်းဆောင်ရွက်လိုတဲ့ ကုမ္ပဏီတွေရဲ့ အဆိုပြုလွှာတွေကိုလည်း အမျိုးသားအဆင့် ဦးဆောင်ကော်မတီက စိစစ်ခွင့်ပြုပေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013