DVB Logo
Home
မြန်မာသတင်း
တောင်ပိုင်းစစ်ဒေသ ကျားသစ်နက်စစ်ကြောင်းကို NUG က လက်နက်တပ်ဆင်ပေး
DVB
·
January 25, 2023
တောင်ပိုင်းစစ်ဒေသ ကျားသစ်နက်စစ်ကြောင်းကို NUG က လက်နက်တပ်ဆင်ပေး
1 / 2
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် ၃ မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကျားသစ်နက်စစ်ကြောင်းကို ဇန်နဝါရိ ၂၄ ရက် မနေ့က လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

စစ်ကြောင်းရဲ့ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ဇန်နဝါရီ ၂၄ ရက်၊ မနေ့က ပြုလုပ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဒေသခွဲ အမှတ် ၃ ရဲ့ ဒု-စစ်ဒေသမှူး စောရှားနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးတို့က သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

အခမ်းအနားအပြီးမှာ ဒု-စစ်ဒေသမှူး စောရှားက ဂုဏ်ပြုမိန့်ခွန်းပြောကြားခဲ့ပြီး အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ကျားသစ်နက်စစ်ကြောင်းက မွမ်းမံသင်တန်းဆင်းရဲဘော်တွေကလည်း လက်နက်ကိုင်တွယ် ဖြုတ်တပ် တာ၊  ပစ္စတို ပစ်ခတ်စဉ်တွေ၊ အခြေခံကိုယ်ခံပညာ တိုက်ကွက်တွေ၊ Closed Quarter Battle နဲ့ SQUAD အလိုက် လှုပ်ရှားမှုပစ်ခတ်စဉ်တွေ၊ လက်နက်အရှည်အသုံးပြုပြီး ရွေ့လျားပစ်ခတ်စဉ်တွေ၊ VIP ကာကွယ်မှု သက်တော်စောင့်တွေရဲ့ ဗျူဟာတွေ စတာတွေကို သရုပ်ပြခဲ့ကြသလို ပြည်ထောင်စု ဝန်ကြီးချုပ်က ဂုဏ်ပြုငွေ ၁၀ သိန်းပေးပို့ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်ကလည်း တောင်ပိုင်းစစ်ဒေသခွဲ အမှတ် ၃ မှာရှိတဲ့ ဒေါနစစ်ကြောင်းရဲ့ မွမ်းမံသတင်တန်းဆင်းပွဲကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝန်းခိုင်သန်း တက်ရောက်ခဲ့ပြီး လက်နက်တွေ ပေးအပ်ခဲ့ပါသေးတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီအကြောင်းကို သီးခြား သတင်းထုတ်ပြန်တာမရှိပေမယ့် စီမံဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင်က “လက်တွေ့မြေပြင်မှာ အကုန်လုံး လွှမ်းခြုံမနိုင်သေးသေည်ငြား တခြားနေရာတွေမှာလည်း အင်နဲ့အားနဲ့ ထောက်ကူဆောင်ရွက် တပ်ဆင်လျက် ရှိပါတယ်။ သတင်းထုတ်ပြန်မှု အကန့်အသတ်အရ နေရာဒေသတချို့ကိုသာ တပ်ဆင်ပေးနေကြောင်း အသိပေးနေရပါတယ်” လို့ သူ့ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာကတဆင့် ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013