DVB Logo
Home
မြန်မာသတင်း
ရွှေဘိုတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးကင်းစခန်း ၄ ခု အလစ်အငိုက်တိုက်ခိုက်ခံရ
DVB
·
January 24, 2023
ရွှေဘိုတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးကင်းစခန်း ၄ ခု အလစ်အငိုက်တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောကျေးရွာက စစ်ကောင်စီနဲ့ ပျူစောထီးကင်းစခန်း ၄ ခုကို ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ပျူစောထီးအယောက် ၂၀ သေဆုံးခဲ့ပြီး ၁၅ ယောက်လောက် ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်မနက် ၄ နာရီ ကျော်လောက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ ဘက်တော်သား ပျူစောထီးတွေ စတည်းချနေထိုင်တဲ့ နေရာတချို့ကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတော်လှန်ရေးအဖွဲ့တွေဘက်ကတော့ ရဲဘော် ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြပေမယ့် စိုးရိမ်စရာအခြေအနေမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီတိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့နဲ့အတူ ရွှေဘို မိုးကြိုးမုန်တိုင်း အဖွဲ့၊ မတစ်ထောင်(တစ်ကောင်ဘွား)-ဒီပဲယင်း အဖွဲ့၊ ဗိုလ်ဂျပန်ကြီး(😭.T)-ရွှေဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ God Of Satans-GOS အဖွဲ့၊  C&T SHWEBO (LPDF) အဖွဲ့၊ Fighter One အဖွဲ့၊ Northern Brotherhood Alliance Squad တပ်ရင်း-၁၈၊ ဒိုင်းနမိုက်အင်ပါယာ အဖွဲ့၊ တောင်သူကြီး အဖွဲ့၊ Flying Dragon Force (F.D.F)အဖွဲ့၊ Snake Eyes LPDF အဖွဲ့ နဲ့ ရွှေဘိုမြို့နယ် ရွှေဘို တိုက်နယ်-၂ ရဲဘော်တွေ ပူးပေါင်းပြုလုပ်ခဲ့တာပါ။

အခုတိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီတပ်ဖွဲ့က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်လေ့ မရှိပါဘူး။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013