DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူတွင် တောင်သူ ၃ ဦးကို စစ်တပ်က ရိုက်နှက်ဖမ်းဆီး၊ ပျူသင်တန်းအတွက် အစည်းအဝေးလုပ်နေစဉ် PDF တိုက်ခိုက်
DVB
·
January 24, 2023
ကန့်ဘလူတွင် တောင်သူ ၃ ဦးကို စစ်တပ်က ရိုက်နှက်ဖမ်းဆီး၊ ပျူသင်တန်းအတွက် အစည်းအဝေးလုပ်နေစဉ် PDF တိုက်ခိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဖုတ်ကုန်းရွာ တောတိုက်ထဲမှာ ဇန်နဝါရီ ၂၂ ရက် မနက်ပိုင်းက မြေပဲနုတ်နေတဲ့တောင်သူ အမျိုးသား ၃ ယောက်ကို ဇာဒီကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့- ကန့်ဘလူခရိုင်က ထုတ်ပြန်ပါတယ်။

ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတဦးက “ဇာဒီရွာနဲ့ တမိုင်လောက်ဝေးတဲ့ ဖုတ်ကုန်းရွာက တောင်သူအ‌ယောက် ၂၀ လောက် ကျေးရွာ နှစ်ရွာကြား မြေပဲကုန်းမှာ မြေပဲနုတ်နေချိန် ရိုက်နှက်ဖမ်းဆီးရာကနေ ထွက်ပြေးခဲ့ကြပေမဲ့ အသက် ၃၅ နှစ်၊ ၃၇ နှစ်နဲ့ ၄၅ နှစ်အရွယ် အမျိုးသား ၃ ယောက်က ထွက်မပြေးနိုင်ဘဲ ဖမ်းဆီးခံရတာဖြစ်တယ်” လို့ ပြောပါတယ်။

အဲဒီနေ့ မွန်းတည့် ၁၂ နာရီလောက်မှာ ဇာဒီကျေးရွာမှာ ပျူစောထီးသင်တန်းဖွင့်ဖို့ ဇီးကုန်းသကြားစက်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ အစည်းအဝေး လုပ်နေချိန် ကန့်ဘလူမဟာမိတ်ပူးပေါင်းအဖွဲ့ Kanbalu Underground Warriors၊ ကန့်ဘလူစွန်ရဲ၊ PLGF၊ မြေပြင်လှုပ်ရှားညီနောင်အဖွဲ့၊ ဒေသခံ - ပကဖနဲ့ ကန့်ဘလူမဟာမိတ်ပူးပေါင်းအဖွဲ့‌တွေက သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း PDF အဖွဲ့က ထုတ်ပြန်ပါတယ်။

ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက “ရှော့တိုက်ဒုံး ၁ လုံး၊ ၈၁ မမ ၉ လုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်။ စစ်တပ်က ပြန်ပြီး ခုခံပစ်ခတ်လို့ ၁၅ မိနစ်လောက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်။ စကစ စစ်သားနဲ့ ပျူစောထီးတွေ အထိအခိုက် ရှိနိုင်တယ်။ မြေပြင်မဟာမိတ်ပူးပေါင်းအဖွဲ့‌တွေ အထိအခိုက်မရှိ အန္တရာယ်ကင်းစွာ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

ဇာဒီရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ဇီးကုန်းတိုက်နယ်အတွင်းရှိ ကျေးရွာတွေကို လှည့်လည် စစ်ကြောင်းထိုးပြီး လက်နက်ပြ ခြိမ်းခြောက်ကာ ဒေသခံ ရွာသားတွေကို ပျူစောထီးသင်တန်းတက်ခိုင်းတာ၊ အခွန်လို့ဆိုပြီး အတင်းအဓမ္မ ငွေကြေး ကောက်ခံတာ၊ ပြည်သူပိုင် တန်ဖိုးကြီးပစ္စည်းတွေနဲ့ ဆန်၊ စပါး၊ လယ်ယာလုပ်ငန်းသုံး ကျွဲ/နွားတွေကိုပါ ခိုးယူရောင်းစားပြီး ဒေသခံပြည်သူလူထုကို မတရားဖမ်းဆီးနှိပ်စက်ကာ ငွေညှစ်တာ‌တွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် အဖွဲ့က ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013