DVB Logo
Home
မြန်မာသတင်း
ကြားကာလ အခြေခံပညာ ပြည်သူ့ပညာရေးကျောင်းစာရင်းများ NUG ကြေညာ
DVB
·
January 24, 2023
ကြားကာလ အခြေခံပညာ ပြည်သူ့ပညာရေးကျောင်းစာရင်းများ NUG ကြေညာ
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားတဲ့ ကြားကာလ အခြေခံပညာ ပြည်သူ့ပညာရေးကျောင်းတွေကို ဇန်နဝါရီ ၂၃ ရက်က ထုတ်ပြန်လိုက်ပါတယ်။

ပညာသင်ယူခွင့်ဆုံးရှုံးနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ကြားကာလ ပြည်သူ့ပညာရေးကျောင်းတွေ ဖွင့်လှစ်ကာ စဥ်ဆက်မပြတ် ပညာသင်ကြားရေးကို အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

NUG အသိအမှတ်ပြု ကြားကာလပညာရေးကျောင်းတကျောင်းရဲ့ တာဝန်ခံက “ကျနော်တို့က NUG ချမှတ်ထားတဲ့ မူဝါဒ ၁၁ ချက်ရယ် လုံခြုံရေးစည်းမျဥ်းတွေကို လိုက်နာမှ အသိအမှတ်ပြုတာပါ။ အခုထုတ်ပြန်တာက ၃၃ ကျောင်းပဲ ထုတ်ပြန်တာ။ တချို့ကျောင်းတွေက လုံခြုံရေးအရ ထုတ်ပြန်ဖို ကန့်ကွက်ထားတာတွေရှိတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကြားကာလ ပညာရေးကျောင်းတက်နေတဲ့ ကျောင်းသားမိဘတဦးကလည်း “ကျမတို့ကတော့ စစ်ကောင်စီအုပ်ချုပ်သမျှ ကာလပတ်လုံး လုံးဝ ကျောင်းမထားဘူးလို ဆုံးဖြတ်ပြီးသားပါ။ ခုလို ပြည်သူ့ပညာရေးကျောင်းလေးတွေ ရှိနေတော့ ဆုံးဖြတ်ချက်က ပိုတောင် သေချာသွားသေးတယ်” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် CDM ဆရာ၊ ဆရာမတွေ ဦးဆောင်တဲ့ အွန်လိုင်း ကြားကာလ အခြေခံပြည်သူ့ပညာရေးကျောင်းပေါင်း ၇၀ ကျော်ရှိနေပြီး လွတ်မြောက်နယ်မြေတွေ၊ စစ်ကိုင်းနဲ့ မကွေးနယ်မြေတွေမှာတော့ မြေပြင်မှာ ဖွင့်လှစ်သင်ကြားနေတဲ့ ကျောင်းတွေ အများအပြားရှိနေတယ်လို့ NUG ပညာရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013